Part :: 29

174 19 3
                                    

Uni

ကျွန်တော်အတွေးတွေ ပျံ့လွင့်နေတုန်း..ကားက..တစ်ဖြည်းဖြည်းရွေ့လျားလာသည်။ခရီးသည်ဟူ၍ ကျွန်တော်တစ်ယောက်ထဲ ရှိနေတာကို..ဘယ်လိုဖြစ်လို့..

'ကားဆရာ...ခရီးသည်တွေမရောက်သေးဘူး...ဘာလို့ကားထွက်လိုက်ရတာလဲ..'

ကျွန်တော်ထိုင်နေရာနဲ့သိပ်မဝေးတဲ့ ကားရှေ့ခန်းက ဦးလေးကြီးဆီ အော်ပြောမိသည်။

'ဒီမှာဦးလေး...ကျွန်တော်ပြောတာကြားရဲ့လား..'

'ခရီးသည်အားလုံးစုံပါပြီ..'

ကြားလိုက််ရတဲ့အဖြေကြောင့် ထယ်ယောင်းခေါင်းရှုပ်သွားသည်။

'ဘာလို့လဲသိချင်လား....ဒီကထိုင်ခုံတွေအားလုံးကို ကျွန်တော်ဝယ်လိုက်တာမို့လို့လေ...'

သိပ်မစိမ်းတဲ့ ဒီအသံ၊မှားစရာမရှိပါဘူး...ကျွန်တော်မှတ်ညဏ်မကောင်းရင်တောင်...နှလုံးသားကသိတယ်..

လျပ်တစ်ပြတ်ဘဲနောက်လှည့်ကြည့်မိသည်။ ကားထိုင်ခုံရဲ့နောက်ဆုံးခုံမှာ ထိုင်နေတဲ့ "မောင်"။ဟုတ်တယ်..ဂျွန်ဂျောင်ဂု။

'ဂျောင်ဂု...မင်းဘယ်လိုလုပ်'

'ရူး...အရင်ဖက်ပါရစေ..'

တစ်လှမ်းချင်းတိုးလာပြီး ကျွန်တော့်အားဆွဲဖက်လိုက်တဲ့မောင်။ ရင်ခွင်ထဲရောက်မှ သတိထားမိတယ်၊ပိန်သွားလိုက်တာမောင်ရယ်...။

'ဂျောင်ဂု...'

'ပြောပါ...ကျွန်တော်အခုနားထောင်နေတယ်..'

ဖက်ထားရာက လွတ်ပေးလိုက်ပေမယ့်...ကျွန်တော့်လက်တွေကိုတော့ ပေးမလွတ်၊လက်ကောက်ဝတ်နေရာကနေစွဲကိုင်ထားသည်။ထပ်ပြီးထွက်ပြေးသွားမှာစိုးလို့ထင်ရဲ့။

'မင်း ပိန်သွားတယ်နော်...အစားသေချာမစားဘူးလား...'

'လူတစ်ယောက်က ဖြစ်သလိုထားသွားခဲ့တော့...ကျွန်တော်လည်း ဖြစ်ချင်တိုင်းကိုဖြစ်တော့တာပါဘဲ..'

'ငါ့ကိုစိတ်ဆိုးနေတာလား?'

'ကျွန်တော့်မှာ အဲ့လိုလုပ်ဖို့အခွင့်အရေးရှိလို့လား..စာတစ်ကြောင်းထဲနဲ့ ထားခဲ့ခံရတဲ့ကောင်ဘဲ..ကိုယ့်နေရာကိုသိရတာပေါ့..ကျွန်တော်အကို့ကိုစိတ်မဆိုးပါဘူး..'

The language of flowers Where stories live. Discover now