Part :: 5

275 37 3
                                    

Uni

📞 အကိုလေး

📞ကျွန်တော် အခု အရှုပ်တစ်ခုရှင်းစရာရှိနေလို့

📞ဟုပ်ကဲ့အကိုလေး...ပြောပါ

📞ကျွန်တော် လိပ်စာတစ်ခု ပို့လိုက်မယ်..အဲ့လိပ်စာမှာနေတဲ့ လင်မယားနှစ်ယောက်ကို သူတို့လက်ခံအောင်ပြောပြီးတစ်ခြား နေရာတစ်ခုစီစဉ်ပေးလိုက်..အဓိကက သူတို့ အဲ့အိမ်မှာ ဆက်မနေရင်ရပြီ..

📞ဟုပ်ကဲ့ပါ...ဒီကိစ္စ သူဌေးကို လျှို့ဝှက်ထားပေးရမလား..

📞အဖေမသိတော့ ပိုကောင်းတာပေါ့

📞ဟုပ်ကဲ့ပါ အကိုလေး

📞ဦးလေး

📞ပြောပါ

📞အဖေဒီတစ်ခေါက် Seoul ပြန်ရောက်လို့ နယ် မြေ ပြန်လည် ထူထောင်ရေး project လုပ်မယ်ဆို...ကျွန်တော့်ကို ဆက်သွယ်ပေးပါ..ကျွန်တော်အကြံပေးချင်တဲ့ ရပ်ကွက်တစ်ခုရှိလို့

📞ကောင်းပါပြီ

📞အင်း.....ပြီးတော့..ဦးလေး ဒန်းထယ်

📞ပြောပါ အကိုလေး

📞ဟို

📞အကိုလေး...ဦးလေးဒန်းထယ်က အကိုလေးတို့ အမေ။ ဦးလေးရဲ့ သူဌေးမ မဆုံးခင်ကတည်းက Jeon မိသားစုနဲ့အတူရှိခဲ့တာပါ...သူဌေးမမဆုံးခင်က အကိုလေးကို ဂရုစိုက်ပေးဖို့ဘဲ တဖွဖွမှာသွားခဲ့တာ...ဦးလေးဒန်းထယ်က သား အတွက်ဆို ဘာမဆိုလုပ်မှာပါ..ဒါကြောင့် အကိုလေး ဦးလေးအပေါ်ကို ပွင့်လင်းလို့ရပါတယ်..

📞ဒါဆို ကျွန်တော် ရှင်း"ဘဲပြောပါမယ်

📞ပြောပါအကိုလေး

📞ကျွန်တော် တစ်နေရာမှာCCTV အလုံး ၈၀လောက် တပ်ချင်တယ်..နိုင်ငံတော်ပိုင်နေရာမှာ တပ်ချင်တာမို့လို့ ဥပဒေနဲ့စကားပြောရလိမ့်မယ်...ကျွန်တော့်ကိုကူညီပေးပါ

📞အကိုလေးဘယ်နေရာမှာတပ်ချင်လဲ
___________________

'Hyung....ကျွန်တော်ရောက်ပြီ..'

'Hyung ကျွန်တော်ရောက်ပြီနော်'

ကျွန်တော် ဆိုင်ထဲဝင်လာတာတောင် မသိတဲ့အထိ အကိုဘာများ တစ်ကုပ်ကုပ် လုပ်နေလဲ စူးစမ်းမိသည်။

The language of flowers Where stories live. Discover now