Uni
'ဦးလေးဒီကိုဘယ်လိုရောက်လာတာလဲ'
'သားအဖေလွတ်လိုက်တာလေ..'
နိုးနိုးချင်း အဖေ့ဆီကmissed call တစ်ခုကိုတွေ့သည်။ ထို့နောက် ဦးလေးဒန်းထယ်ဆီက အောက်ထပ်ခနဆင်းခဲ့ပါဆိုတဲ့ message ရတာကြောင့် ကျွန်တော့်မှာ အကိုမနိုးခင်လေး..မြန်မြန်ဘဲ အောက်ဆင်းလာခဲ့ရသည်။
'သားက..သားDaddyကို..အရင်နေ့တွေကလာတွေ့မယ်ပြောပြီး..လာမတွေ့ဘူးလေ...မနေ့ကလည်း ကွန်ဒိုမှာအိပ်မယ်ပြောပြီး..စုံးစမ်းကြည့်လိုက်တော့..ကွန်ဒိုမှာမရှိဘူးတဲ့..အဲ့ဒါကြောင့် သားDaddyကစိတ်ပူပြီး...မနက်အစောကြီးဘဲ ဦးလေးကို ထရှာခိုင်းတာ..'
'Daddyနဲ့တော့ခက်ပါတယ်..ကျွန်တော်ကကလေးလဲမဟုပ်တော့တာကို..'
'သား Daddyက သားကိုစိတ်ပူလို့ပါ..သားလည်းသိနေတာဘဲ...သူ့မှာ သားတစ်ယောက်တည်းရှိတော့ဆိုတာ..'
'Daddyကိုနားလည်ပါတယ်..ဒါမဲ့ ဒီထိလိုက်လာတာကြီးကတော့မဟုပ်သေးဘူး..အခုဦးလေးလိုက်လာတာရယ်..ဦးစီးလာတဲ့BMW ကားကြီးရယ်ကိုသာ အကိုတွေ့သွားရင်..ရှုပ်ကုန်လိမ့်မယ်ဗျ..ကျွန်တော် ဒီညဘဲ Daddyကိုလာတွေ့မယ်လို့ ပြောလိုက်ပါ..ဦးလေးအခုတော့ ပြန်ပါတော့'
'ဟုပ်ပါပြီး..ဦးတစ်ခုဘဲ မေးလို့ရမလား'
'ဟုတ်..မြန်မြန်လေးပြော'
'အဲ့ဒီကောင်လေးက သားအတွက်ဘယ်လောက်အရေးပါလို့..ဒီလိုရပ်ကွက်သေးသေးလေးအထိ လာပြီး ဒုက္ခခံနေရတာလဲသားရယ်..'
'ဦးလေး...ဦးလေးတို့က ပိုသိမှာပါ..အသက်အရွယ်ရရော..အတွေ့အကြုံအရပါ အများကြီးပိုသာတယ်လေ..ကျွန်တော်ဝန်ခံပါတယ်...အကို့ကိုစစတွေ့ချင်း အကိုကအရမ်းကြည့်ကောင်းတဲ့ယောကျာ်းတစ်ယောက်ဖြစ်နေလို့..ငါ့အပိုင်ဖြစ်ရင်ကောင်းမှာဘဲ ဆိုတဲ့စိတ်နဲ့...စပြီးချဉ်းကပ်ခဲ့မိတာ...ဒါပေမဲ့အခုအခြေအနေကတော့ မတူတော့ဘူး..ကျွန်တော့်အကိုအကြောင်းသိလာတာနဲ့အမျှ ပိုပိုပြီးချစ်မိလာတယ်..အကိုကလည်း ကျွန်တော်ကို မသိမသာဂရုစိုက်တယ်..အဲ့အပေါ်ကျွန်တော်အရမ်းသာယာနေမိပြီ...ကျွန်တော်သေချာတယ်..အကိုက ကျွန်တော့်မိသားစုထဲကို ဆွဲသွင်းလာချင်တဲ့ တစ်ဦးတည်းသောလူဘဲ..'
YOU ARE READING
The language of flowers
Teen FictionTAEKOOK Type-Drama Uni & Zawgyi ပန်းဆိုင်ကဝန်ထမ်းကောင်လေးကိုလိုချင်တာနဲ့ ပန်းဆိုင်ကိုပါသိမ်းလိုက်ရတယ်ပေါ့🌷