Part :: 16

208 24 5
                                    

Uni

'ဟူးးးးးး'

အသက်ကိုပြင်းပြင်းရှုထုတ်လိုက်သည်။သူတို့ပြန်သွားပြီ။ကျွန်တော့်ရင်ထဲမှာတော့မီးတောက်နေဆဲ..။

'ဘာလို့အပြင်ထွက်လာတာလဲ...ကျွန်တော်အားလုံးဝယ်ပြီးပြန်ခဲ့မယ်လို့ပြောထားတယ်လေ...ဘာလို့ပြောစကားနားမထောင်ရတာလဲ..'

'ငါတောင်းပန်ပါတယ်...'

'အဲ့ဒီကောင်တွေက အကိုအခုလိုတောင်းပန်လိုက်ရုံနဲ့..အကို့ကို လွတ်ပေးမယ်ထင်လို့လား....ကျွန်တော်သာအချိန်မှီရောက်မလာခဲ့ရင်..အကိုဘာဖြစ်သွားမလဲ..ဟမ်..ကျွန်တော့်ကိုရင်ကွဲအောင်လုပ်နေတာလား..တစ်ကြိမ်လဲမဟုတ်..နှစ်ကြိမ်လဲမဟုတ်...ကျစ်...ကျွန်တော်အကို့ကို အပွန်းအပဲ့မခံနိုင်ဘူး...ခြစ်ရာလေးတောင်မထင်စေချင်ဘူး....လေပြင်းပြင်တိုက်ရင်တောင်မကြိုက်ဘူး...လုံးဝမကြိုက်ဘူး..အကိုနားမလည်ဘူးလား...'

'အေးပါ...ငါတောင်းပန်ပါတယ်..ဂျောင်ဂုမင်းအရမ်းစိတ်တိုနေပြီ..မင်းစိတ်ကိုထိန်းပါဦး..'

'ကျွန်တော်မကြိုက်ဘူး...ကျွန်တော်ပိုင်တဲ့အကို့ကိုဘယ်သူမှထိတာမကြိုက်ဘူးအကိုရဲ့...ဟင့်...'

'ဂျောင်ဂု'

ကလေးတစ်ယောက်လိုအော်ငိုနေတဲ့ ဂျောင်ဂုကိုကြည့်ပြီး ထယ်ယောင်းဘားမှမလုပ်တတ်တော့ပါ။ဂျောင်ဂုပြန်လာတဲ့အခါ မူးနေရင်..သောက်ဖို့ဆိုပြီး အမူးပြေဟင်းချိုချက်ဖို့..လိုအပ်တာလေးတွေဝယ်ရန် ထွက်လာမိသည်မှာ ထယ်ယောင်း၏အမှား။ဒီလိုတွေဖြစ်လာမယ်မှန်း ထယ်ယောင်းတကယ်မသိခဲ့ပါ။

'ဂျောင်ဂု...ငါ့ကိုကြည့်ပါအုံး...သူတို့ငါ့ကိုဘားမှမလုပ်ကြဘူး...လက်ဖျားလေးနဲ့တောင်ထိမသွားဘူး..'

'သေချာလား?'

'ဒါပေါ့...ငါတောင်းပန်ပါတယ်..မင်းမူးလာမယ်ထင်လို့...အမူးပြေဟင်းချိုလုပ်ဖို့ ဒီနားမှာ ပစ္စည်းလာဝယ်တာ..သူတို့ကိုတွေ့တော့ ချက်ချင်းအိမ်ပြန်မလို့လုပ်ပေမယ့်...သူတို့နောက်ကလိုက်လာတော့ ငါမရှောင်နိုင်ခဲ့ဘူး...'

'အရမ်းကြောက်နေလားဟင်..'

'အင်း....'

'အခုမကြောက်နဲ့တော့နော်...နောက်ဆိုသူတို့အကို့ကို နောက်ယှက်တော့မှာမဟုတ်ဘူး..ကျွန်တော်ရှင်းပေးလိုက်ပြီ....သူတို့ထပ်ပြီးနောက်ယှက်ခဲ့တယ်ဆိုရင်လည်း...အကိုသေချာပေါက်ကျွန်တော့်ကိုပြောရမယ်နော်....ကျွန်တော်ကသူတို့ကို ဆေးရုံခုတင်ပေါ်မှာဘဲ တစ်သက်လုံးအရိုးဆွေးတဲ့အထိ နေသွားရအောင်လုပ်မှာ..'
'ဂျောင်ဂု...စိတ်ထဲရှိရာလျှောက်မလုပ်ပါနဲ့...မင်းတောင်ငါ့ကိုဒီလောက်ထိစိတ်ပူရင်...ငါလည်းမင်းကို စိတ်ပူတယ်ဆိုတာ မင်းသိရမယ်လေ...'

The language of flowers Where stories live. Discover now