Part :: 24

159 16 5
                                    

Uni

'ထိုင်ပါဦးလေး...'

'အင်း...'

'ဘာကြိုက်တတ်မှန်းမသိလို့...သောက်စရာတော့မမှာထားပေးမိဘူး..'

'ရတယ်...ဦးလေးသောက်ခဲ့ပြီးပြီ အသက်ကြီးပြီဆိုတော့ တစ်ရက်ကိုကော်ဖီတစ်ခွက်ဘဲသောက်ဖြစ်တယ်လေ..'

'ကောင်းတာပေါ့....ပိုပြီးသစ္စာစောင့်သိဖို့ဆို အသက်ရှည်ရှည်နေရမယ်လေ..'

'ဟင်..အိုး...ဒီနေ့ ထယ်ယောင်းကိုကြည့်ရတာ တစ်ခုခုစိတ်အားထက်သန်နေသလိုဘဲ...ကဲပါ..ဦးကိုပြောစရာရှိလို့ခေါ်တာမလား..ပြောပါ...'

'ကျွန်တော်အတည်ပြုချင်တာလေးရှိလို့ပါ...'

'အတည်ပြုစရာ...ဘာများလဲ...'

'ကျွန်တော်ဒီနေ့မေးမဲ့အကြောင်းအရာအားလုံးကိုအမှန်အတိုင်းဖြေပေးပါ...မဟုတ်ခဲ့ရင် ကျွန်တော်မောင့်ကိုတိုက်ရိုက်မေးရလိမ့်မယ်....'

'ဘာများဖြစ်လို့လဲ...'

ထယ်ယောင်းအသက်တစ်ချက်ရှူသွင်းလိုက်ပြီး

'ကျွန်တော်အကုန်သိပြီးသွားပြီ...ကျွန်တော့်အဖေကို စီးပွါးပျက်အောင်လုပ်ခဲ့တဲ့နောက်ကွယ်က တရားခံက မောင့်ရဲ့အဖေဆိုတာကို..'

သွေးပျက်ကာ ခေါင်းငုံသွားတဲ့ ဦးလေးဒန်းထယ်ရဲ့ အပြုအမူကက ထယ်ယောင်းကိုပိုပြီးအတည်ပြုနိုင်စေတယ်။

'အဖေ့ကို ကုပ္ပဏီငွေကိုအလွဲသုံးစားလုပ်တဲ့ လူယုတ်မာဇာတ်သွင်းပြီး မိန်းမဖြစ်တဲ့ ရှေ့နေပညာတတ်ကြီးကလဲ အဖေထောင်မကျကျအောင်အတင်းဇာတ်လမ်းတွေဖန်းတီးခဲ့သေးတယ်....ကျွန်တော့်ရဲ့အဖေက ဘယ်လောက်ထိတောင်ပင်ပန်းခဲ့လိုက်မလဲ ..သူ့မှာ အရွယ်မရောက်သေးတဲ့ သားတစ်ယောက်ရှိသေးတယ်ဆိုတာကိုတောင်မေ့ပြီး သတ်သေသွားတဲ့အထိလေ...'

'ဒါတွေကို ဘယ်သူပြောပြတာလဲ...ဂျောင်ဂုကောသိပြီးပြီလား...'

'ဘာလဲ  မောင်သိသွားရင် စိတ်ဒဏ်ရာဖြစ်သွားမှာစိုးလို့လား....သူအရမ်းချစ်ရတဲ့ ကောင်လေးက သူနဲ့ကမ္ဘာ့ရန်သူတွေဆိုတာသိသွားရင် ကယောင်ကတန်းတွေဖြစ်မှာစိုးရိမ်နေတာလား...'

The language of flowers Where stories live. Discover now