Uni
💭ဟလို ကျွန်တော့်နာမည် ဒိုယောင်းဒိုပါ....Twitterမှာ လူရှာတဲ့ postတစ်ခုတွေ့ပြီး လာဆက်သွယ်ပေးတာပါ...Twitter ကpostမှာ တင်ထားတဲ့ ပုံနဲ့ အရမ်းတူတဲ့လူတစ်ယောက် ကျွန်တော့်ဒီနေ့တွေ့ခဲ့ပါတယ်
ဂျောင်ဂုရဲ့လက်တွေက လျင်မြန်စွာဘဲ ကီးဘုတ်ပေါ်ကိုရွေ့လျားလိုက်သည်။
💭သူ့ကိုတကယ်တွေ့ခဲ့တာလား...
💭ဟုတ်ပါပြီ...သေချာပါတယ်...လူမမှားနိုင်ပါဘူး
💭ကျွန်တော်သူရှိတဲ့နေရာကိုဘယ်လိုသိနိုင်မလဲ
💭အဲ့တာတော့ကျွန်တော်မသိဘူး...ကျွန်တော်သူ့ကို Convenience store တစ်ခုမှာတွေ့ခဲ့တာပါ...သူ့ကိုတွေ့တော့ ခင်ဗျားကို ရှာနေတဲ့လူရှိတယ်ဆိုပြီးကျွန်တော်စကားသွားပြောခဲ့ပေမယ့်..သူကချက်ချင်းဘဲထွက်သွားပါတယ်
💭သူ့ကိုရှာတွေ့နိုင်မယ့်...သဲလွန်စလေးများ..ရထားသေးလား
💭ကျွန်တော်အဲ့တာတော့မသေချာဘူး...ဒါပေမယ့် ကျွန်တော်ထင်တာမမှားရင် သူက ဆိုးလ်မှာနေတာမဟုတ်လောက်ဘူး..ပုံစံကြည့်ရတာ...တစ်နေရာရာကနေ ခနလာတဲ့ပုံစံမျိုးဘဲ...
💭ကားဂိတ်လိုနေရာမျိုးလား...ဒါမှမဟုတ်..လေယာဉ်ကွင်းကလာတဲ့ပုံစံမျိုးလား
💭ကားဂိတ်ကလာတာဖြစ်မယ်ထင်တယ်...ကျွန်တော်သူ့ကိုတွေ့ခဲ့တဲ့နေရာက အဝေးပြေးကားဂိတ်နဲ့တော်တော်လေးနီးတယ်
💭ကျေးဇူးပါခင်ဗျ...အများကြီးအကူအညီရလိုက်ပါတယ်...
💭ရပါတယ်ခင်ဗျ...အမြန်ဆုံးပြန်တွေ့ပါစေနော်
Laptop screenကိုပိတ်ချလိုက်တော့...ကျွန်တော့်တစ်ခန်းလုံးအမှောင်ဖုံးသွားတယ်။လက်ပတ်နာရီပေါ်က..အနုမြူနာရီလက်နှစ်နှစ်ချောင်းကလွဲလို့ပေါ့။မထူးဆန်းပါဘူး...အကိုမရှိတော့ကတည်းက...အမှောင်ဆိုတာ ကျွန်တော့်စိတ်ဖြေရာနေရာတစ်ခုဖြစ်လာခဲ့တာလဲလေ၊ ၂၄နာရီဆိုတာ အရင်ကထက်ပိုကြာလာတယ်၊ရေသောက်ရင်တောင် တစ်ဖြည်းဖြည်းခါးလာပြီ၊ မနက်ခင်း သောက်တဲ့ကော်ဖီတွေမှာ သကြားထည့်မသောက်ဖြစ်တာလဲ ကြာခဲ့ပြီ၊ ဒီလိုနဲ့ ခါးသက်ခြင်းတွေကိုနေသားကျလာတော့...ကျွန်တော့်သူငယ်ချင်းကပြောတယ်..'မင်းအလွမ်းအဆိတ်တက်နေတာတဲ့'။ဟုတ်မှာပါ...ခံစားရတုန်းလေး ဝအောင်ခံစားပြစ်လိုက်မယ်...အကိုနဲ့ပတ်သတ်နဲ့ emotionတစ်ခုလေးကိုတောင်...ကျွန်တော်ဥပေက္ခာမပြုနိုင်ဘူး။ စဉ်းစားမိတာလေးရှိတယ်...ကျွန်တော်တွဲပြီးဖျက်ခဲ့တဲ့ ကောက်မလေးတွေ ကျွန်တော့်ရဲ့အခုပုံစံကိုမြင်ရင် ရီနေလောက်မလားလို့ပါ...တကယ်လဲဟာသတစ်ခုလိုဘဲ...ကျွန်တော်ကိုယ်တိုင်တောင်မယုံနိုင်သေးဘူး...အိပ်ပျော်နေရင်းတောင်...အကို့နာမည်ကိုရေရွတ်နေမိတယ်ဆိုတာမယုံနိုင်သေးဘူး...စာတစ်ကြောင်းနဲ့ ထွက်ပြေးသွားတဲ့လူကို...အရူးတစ်ပိုင်းလိုက်ရှာနေမိတာဆိုတာမယုံနိုင်သေးဘူး...ဘာသာမဲ့ ကျွန်တော်က..အကိုပြန်လာဖို့အတွက်..ရှိရှိသမျှဘုရားတွေအကုန် တ တတ်နေပြီဆိုတာကိုလည်း မယုံနိုင်သေးဘူး။
YOU ARE READING
The language of flowers
Novela JuvenilTAEKOOK Type-Drama Uni & Zawgyi ပန်းဆိုင်ကဝန်ထမ်းကောင်လေးကိုလိုချင်တာနဲ့ ပန်းဆိုင်ကိုပါသိမ်းလိုက်ရတယ်ပေါ့🌷