Part :: 19

144 19 3
                                    

Uni
'ဒီမှာခင်ဗျ..'

သတိပေးသံကြောင့်..ထယ်ယောင်းအတွေးတွေကို ကမှန်းကတန်း ရပ်တန့်လိုက်သည်။

'ခဗျာ'

အသက်လတ်ပိုင်းလူတစ်ယောက်ဘဲ၊အသားကို ညိုညို ၊ဘော်ဒီကဖြောင့်ဖြောင့်၊ကျွန်တော့်အရပ်ထက်တော့ နှစ်လက်မလောက်ပိုရှည်မဲ့ပုံ၊ ရုပ်ရည်ကတော့..မြင်တာနဲ့ မိန်းကလေးတွေ ဂါဝန်ဖြူကောက်ဝတ်ပြီး ပန်းစည်းကိုင်ချင်စိတ်ဖြစ်စေမဲ့ရုပ်ရည်မျိုးပေါ့။ဒီလိုလူတစ်ယောက်က ကျွန်တော့်ကိုဘာလို့..

'စိတ်မရှိပါနဲ့နော်'

'ဟုတ်ကဲ့...ပြောပါ'

'အဆင်ပြေမယ်ဆိုရင်..**အကောင့်တစ်ချက်လောက်ပေးလို့ရမလား..ကျွန်တော်မြင်မြင်ချင်း သဘောကျသွားလို့ပါ..'

'ခ..ခင်ဗျာ..'

'ဖုန်းနံပါတ်လောက်ဆိုရင်လဲရပါတယ်'

'..'

'ဖုန်းနံပါတ်ပေးရအောင် မင်းက မှတ်ပုံတင်ရုံးက အရာရှိလား'

'မောင်..'

ဘယ်ကရောက်လာမှန်းမသိလိုက်တဲ့သူ။

<<<<<

ရေဘူးဝယ်ပြီးအပြန်၊ဖိနပ်ကြိုးပြေနေလို့ အမှတ်မထင်ချော်လဲပြီး ဒူးတောင်ဆစ်ပွန်းသွားသည်။ ပလာစတာဝယ်ပြီး ကပ်လိုက်ရပေမယ့်...First Dateမှာရတဲ့ဒဏ်ရာမို့ အမှတ်တရလေးလဲဖြစ်တာပေါ့။ကျွန်တော့်ဘဝမှာ အကို့ကိုပိုင်ဆိုင်ပြီးကတည်းက ကံဆိုးတယ်ဆိုတာမရှိတော့ဘူး။

ထို့နောက် အကိုရှိရာကိုပြန်သွားတော့၊ယောကျာ်းတစ်ယောက်နဲ့အတူရှိနေတဲ့အကို့ကိုမြင်ပြီး..ကျွန်တော့်အသည်းတစ်ခြမ်းကျွမ်းသွားတယ်။ မသိရင် တစ်ယောက်ယောက်ကဘဲ ကျွန်တော့နှလုံးသားကိုအငြိုးနဲ့ တစ်စချင်း ဆုတ်ဖြဲနေသလို ပူထူပြီးခံစားလာရတာ။ကျွန်တော်သိလိုက်ရတာက သဝန်တိုတယ်ဆိုတာ...ခံစားလို့ကောင်းတဲ့ဖီလင်မဟုတ်ဘူး။ မသိလိုက်ခင်မှာဘဲ ကျွန်တော့်ဒေါဒက ခေါင်းထိရောက်နေပြီ။မြင်မြင်သမျှ ဘားမှစောက်ချိုးပြေမနေတော့ဘူး၊ဒီလို ခြေတုန်ခြတုန်ဖြစ်တာ အမေမွေးကတည်းက ဒါပထမဆုံးဘဲ၊ အကို့ကို တစ်ခြားယောကျာ်းတစ်ယောက်ရဲ့ အာငွေ့လေးတောင် မထိစေချင်ဘူး၊အဲ့တာကျွန်တော့်ရဲ့အတ္တဘဲ။

The language of flowers Where stories live. Discover now