Part :: 20

159 18 4
                                    

Uni
Past<နောက်ကြောင်းပြန်ခြင်း>

'သား....ကျောင်းကပြန်လာပြီလား...'

ရွှင်ပြသောမျက်နှာဖြင့် သားဖြစ်သူကို နှုတ်ဆက်လာသော ထယ်ယောင်း၏မိခင်။

'မေမေ..!!'

မိခင်ဖြစ်သူ၏ ဗိုက်ကို ခေါင်းလေးဖြင့် တိုးဝေ့ပွတ်သတ်သည်မှာ ထယ်ယောင်း၏ နူးညံ့သောအပြုအမူတစ်ခု။ တစ်ဦးတည်းသောသားဖြစ်လို့ ဒီလိုချွဲနွဲ့နေတာက မဆန်းပေ။

'သား.....ရေချိုးပြီး ပြန်ဆင်းလာခဲ့...မေမေ သားကြိုက်တာတွေအားလုံးချက်ထားတယ်...'

'ဖေဖေကောဟင်'

'သားဖေဖေက အလုပ်ကပြန်လာပြီး ခုလေးတင်ဘဲပြန်ထွက်သွားတာ၊စိုက်ခင်းကို မြေဩဇာတွေပို့မဲ့ကိစ္စဆိုလားဘဲ...ပြီးတာနဲ့ပြန်ခဲ့မယ်တဲ့...သား ရေမြန်မြန်ချိုးပြီးဆင်းလာခဲ့နော်'

'ဟုတ်...မွ'

ဆယ့်ငါးမိနစ်လောက်ကြာတော့ ထယ်ယောင်းအိမ်နေရင်းဝတ်ဘောင်းဘီတိုလေးဖြင့် ပြန်ဆင်းလာခဲ့သည်။

'ဟော..ဖေဖေ ရောက်နေပြီလား..'

'လာသား...အဖေဗိုက်အရမ်းဆာနေပြီ...မင်းအမေချက်တဲ့ ဟင်းနံ့က အစာအိမ်ထဲထိတောင်ဆွဲဆောင်နေတယ်'

'အကိုကလည်း ပိုပြီ'

'မပိုပါဘူး...အကို့မိန်းမဟင်းချက်ကောင်းလွန်းလို့...အကို့မှာလေ ထမင်းစားချိန်ဆို ဘယ်ရောက်ရောက် အိမ်ကိုအပြေးကိုပြန်လာရတာဘဲ...အပြင်စာတွေက တိုးကိုမတိုးတော့တာ'
'ဖေဖေ အမေ့လက်ရာကိုကြိုက်တာကအရေးမကြီးဘူး...သားတို့တွေ အပြင်မှာDateမလုပ်ဖြစ်တာဘယ်လောက်ကြာပြီလဲ..ဟွန့်'

'အော်..ဖေ့သားကလဲ..Dinner Dateချင်တာများ အဖေ့ကိုပြောရောပေါ့ သားဘယ်ဆိုင်မှာစားချင်လဲ'

'တကယ်လားအဖေ...ဒါဆို သားသူငယ်ချင်းတွေ ပြောပြောနေကြဆိုင်တစ်ခုရှိတယ်..အဲ့မှာသွားစားကြမယ်နော်'

'ကောင်းပါပြီဗျာ'

'အကိုတို့များနော်....သားကိုသိပ်အလိုလိုက်တာဘဲ..တစ်ခွန်းဆိုတစ်ခွန်း'

'ဒီသားလေးတစ်ယောက်ဘဲရှိတာလေ...မိန်းမရယ်...ဒါပေမယ့်စိတ်မပူပါနဲ့..လောကမှာ အကို့မိန်းမကိုအချစ်ဆုံးဘဲ..'

The language of flowers Where stories live. Discover now