Part :: 8

236 33 4
                                    

Uni

'ဒီဆေးက နဲနဲစပ်တယ်နော် တကယ်လို့မခံနိုင်တော့ရင်..ငါ့ကိုပြောနော်..'

'...'

ကျွန်တော့်ရဲ့ မဖြစ်စလောက်ဒဏ်ရာလေးကို အကိုဆေးလိမ်းပေးနေတာကြည့်ပြီး..ကျွန်တော်မှာအသည်းတွေတယားယား။ မျက်အောက်နားမှာ နည်းနည်းလေး အညိုမဲစွဲသွားရုံလေးကို အကိုက ကင်ဆာရောဂါသည်လို ဂရုစိုက်နေသည်။

'...'

'အကိုဘာဖြစ်လို့လဲ...'

ဆေးလိမ်းပေးနေရင်းနဲ့ တုံဆိုင်းသွားတဲ့ အကို့ရဲ့လက်တွေကြောင့် ကျွန်တော်ပြာပြာသလဲ မေးခွန်းထုတ်မိတယ်။

'ငါတောင်းပန်ပါတယ်..ငါကြောင့်နဲ့ မင်းအခုလို ဒဏ်ရာရတာ..'

'မဟုပ်တာအကိုရယ်...ဒီမဖြစ်စလောက်ဒဏ်ရာလေးအတွက်နဲ့...ဘာလို့စိတ်ထိခိုက်ခံနေရတာလဲဗျာ...'

'ဒါပေမယ့်..ဒဏ်ရာကဒဏ်ရာဘဲလေ...ပြီးတော့ ငါစိတ်ပူတယ်...သူတို့တွေမင်းကိုအငြိုးထားပြီး တစ်ခုခုလုပ်ကြရင် ဘယ်လိုလုပ်မလဲ..'

'စိတ်မပူပါနဲ့အကိုရယ်...ဒီနိုင်ငံမှာဥပဒေရှိပါတယ်...စိတ်ချ...ကျွန်တော့်ကိုရော..အက်ို့ကိုပါ...သူတို့ဘားမှလုပ်လိို့မရစေရဘူး..ကျွန်တော်ကတိပေးတယ်..'

'ငါကတော့ ဘားမှမဖြစ်ပါဘူး...ကိုယ့်ဒုက္ခနဲ့ကိုယ်လေ...မင်းကျတော့..'

'အကို..'

'ဟင်...'

ဂျောင်ဂု ထယ်ယောင်း၏လက်နှစ်ဖက်ကို ဆွဲယူလိုက်တယ်။ထို့နောက် ခေါင်းကို ငိုက်ချလိုက်ပြီး

'ဘာလို့..အကို့ရဲ့ ဒုက္ခတွေကို ကျွန်တော့်ကိုမမျှဝေပေးချင်ရတာလဲဗျာ...'

'ဂျောင်ဂု...'

'ကျွန်တော်အကိုနဲ့နီးနီးလေးမှာဘဲ နေချင်တယ်...အကို့ကို ကာကွယ်ပေးချင်တယ်...အကို့ရဲ့ပြသနာတွေကိုဖြေရှင်းပေးချင်တယ်...ကျွန်တော်အကိုပျော်နေတာကိုဘဲမြင်ချင်တယ်ဗျာ...တကယ်ရော...ကျွန်တော့်မှာအဲ့လိုတွေလုပ်ဖို့အခွင့်အရေးရှိရဲ့လား'

'ငါရဲ့စိတ်ပူမှုက မင်းနဲ့ငါ့ကြားမှာ
သူစိမ်းဆန်သွားစေတယ်ဆိုရင် ငါတောင်းပန်ပါတယ်..ငါက ငါ့ရဲ့ပြသနာတွေထဲ မင်းကိုဆွဲမခေါ်ချင်ရုံပါ...'

The language of flowers Where stories live. Discover now