Part :: 11

226 25 4
                                    

Uni

'သား...'

'Daddy! '

အိမ်တော် ဥယာဉ်ထဲမှာ စာဖတ်နေတဲ့Daddyကိုမြင်တော့ ပြေးဖက်မိသည်။မတွေ့တာလဲကြာပြီ..အရမ်းလဲလွမ်းတယ်။ကျွန်တော့်မှာ မိသားစုဝင်ဆိုသည် Daddyဘဲရှိသည်မလား။

'နောက်ဆုံးတော့ ပေါ်လာပြီဘဲ..'

'Daddy သားကိုလွမ်းလား..'

'လွမ်းတာပေါ့သားရယ် ...လွမ်းလို့လဲ လာတွေ့ခိုင်းတာပေါ့..ငါ့သားကမှလာမတွေ့ဘဲ..နေ့ရွေ့လိုက်ညရွေ့လိုက် လုပ်နေပြီးတော့..'

'Mommy ရဲ့ ကွက်လပ်ကိုဖြည့်မဲ့လူတစ်ယောက်ကို အချိန်ပေးနေရလို့ပါ..Daddyရဲ့..'

'အမယ်..ငါ့သားတောင် စကားလုံးအလန်းတွေသုံးတတ်လာပြီ....ဒါမဲ့Daddyကိုတော့မမှီသေးဘူး'

'Daddy   Mommy ကိုချုပ်ခဲ့တဲ့ တော်ကီတွေကိုတော့ ဘယ်မှီပါ့မလဲ..'

'ဒါပေါ့ကွ..ကယ်..အခုတော့ ညစာစားကြစို့..Daddyသားကိုစောင့်တာ ဗိုက်အရမ်းဆာနေပြီ..ညစာစားရင်းနဲ့မှစကားအေးဆေးပြောကြတာပေါ့'

'ဟုတ်..'

'ဒီညတော့ဒီမှာဘဲ အိပ်မှာမလားသား..'

'ဒါပေါ့ Daddyရဲ့..'

'အိုကေ..so..dinner စားကြစို့..လာ'

'ဟုတ်'

________

'ငါ့သားကြိုက်တဲ့ ကျောက်ပုစွန်..Daddyကိုယ်တိုင် အိမ်တော်ထိန်းကိုစီစဉ်ပေးဖို့မှာထားတာ..'

'Daddy!ရယ်..Daddyမှာလဲ အလုပ်ကတစ်ဖက်နဲ့..သားရဲ့စားရေးသောက်ရေးကအစ လိုက်စိတ်ပူမနေပါနဲ့...သားလဲအရွယ်ရောက်နေပါပြီ..ကိုယ့်ကိုကိုယ်ဂရိုစုက်နိုင်ပါတယ်Daddyရဲ့'

'ဘယ်ဖြစ်မလဲငါ့သားရဲ့..သားMommyလဲရှိတော့တာမဟုတ်ဘူးလေ..ဒါကြောင့် သားMommy ရဲ့တာဝန်တွေအားလုံးကို..Daddyက ယူပေးချင်တာ..အရင်ကဆို..သားMommyက မနက်စာ၊ညစာဆိုလည်း သားကြိုက်တတ်တာလေးတွေ ချက်ကျွေး၊ကျောင်းပိတ်ရက်ဆိုလည်း မုန့်တွေလုပ်စားကြနဲ့..သားကိုပျော်အောင်ထားတယ်မလား..အခုMommyမရှိတော့ အဲ့လိုခံစားချက်မျိုး..သားလိုအပ်လာမယ်လေ..Daddyလေ..သားကို ဘာကွက်လပ်မှမရှိစေချင်ဘူး..'

The language of flowers Where stories live. Discover now