My Everything Part 3

6.6K 95 0
                                    

....နိုးစက်မည်သံကြားလို့ နာရီကြည့်တော့ ၄နာရီ ၅၅မိနစ် စာထကျက်ဖို့ အချိန်ရောက်ပြီ ဖြစ်သည်မို့ မျက်နှာသစ် ဘုရားရှိခိုးပြီး စာကြည့်စာပွဲရှေ့ထိုင်တာနဲ့ ပထမဆုံးအတွေးထဲရောက်လာသူက
ကိုကိုသာ.....
မနက်ဖြန်ဆို စာမေးပဲဲကြီး ဖြေတော့မယ် ကိုကိုနဲ့မတွေ့ရတာ ၁လလောက် ကြာပြီမို့ လွမ်းသလိုလိုပင် ကိုကိုလည်းစာတွေကျက်နေရလို့ ထင်ပါရဲ့ ဖြူလေးဆီကို ရောက်မလာ

လွမ်းတယ် ကိုကို......

သမီးလေးရေ မပြီးသေးဘူးလား ၈နာရီခွဲနေပြီးနော် တော်ကြာ ကျောင်းနောက်ကျနေမယ်

ဟုတ်... မေမေ
ပြီးပြီ..... ခနလေး
လာပါပြီရှင့်..... 😁

ကျောင်းမသွားခင် လွယ်အိတ်နဲ့ ဘုရားကိုရော ရှိခိုးပြီးပြီလား
(ဖြူ သိတတ်ခါစ အရွယ်ကတည်းက ကျောင်းမသွားခင် လွယ်အိတ်နဲ့ ဘုရားရှိခိုးသည်က အလေ့ထတစ်ခု ဖြစ်နေသည်ပင် မေမေ သင်ပေးထားတာပါ)

ပြီးပါပြီ မေမေ

မဂ်လာပါ ဆရာမ...
သားတို့သမီးတို့ရေ ဒီနေ့တော့ ထုံးစံအတိုင်း ခုံဝိုင်းစီကြနော် ၁၀တန်းက အကိုအမတွေက စာမေးပွဲနီးလို့ ကျောင်းပိတ်ထားကြတယ်မဟုတ်လား ၉တန်းက အကိုတွေ အမတွေနဲ့ဝိုင်းစီပေးလိုက်ကြနော် ဆရာမတို့က မေးခွန်းကိစ္စလေးတွေနဲ့ အခန်းစောင့်ကိစ္စလေးတွေရှိသေးလို့ မော်နီတာရေ သားကိုအပ်သွားပြီနော်
မဂ်လာပါ ဆရာမ ကျေးဇူးတင်ပါတယ် ဆရာမ.....

၁၀တန်းတွေ ကျောင်းပိတ်ထားတယ်ဆိုလို့ ဒို့ကျောင်းက ၁၀တန်း Bio ခန်းက အဆင့်၁ ကိုမင်းမဟာကလည်း အရမ်းချောတာပဲလေနော်
ဟဲ့ ရွှန်းလဲ့မေနဲ့ အာ့အကိုနဲ့က ဘာလိုလို ညာလိုလိုတဲ့ သိကြလား
မဟုတ်ပါဘူးဟယ် ရွှန်းလဲ့မေက အတင်းလိုက်ကပ်တာပေါ့

အာ့ ငုဝါနဲ့ သဲသဲဆိုတဲ့ သရဲမ နှစ်ကောင် ကလေ သူများအတင်းပြောတာကိုရှေ့မကြည့်နောက်မကြည့်နဲ့

ဟုတ်တယ်ဖြူ နင်ပဲပြောလိုက်တော့ဆိုပြီး လဲ့ကဝင်ထောက်နေသေးသည်

မဟုတ်ပါဘူးမျောက်မ နှစ်ကောင်ရယ် နင်တို့နှစ်ကောင်က အနေအေးတဲ့မျောက်မတွေဆိုတော့ ဒီသရဲမနှစ်ကောင်ကပဲ နင်တို့ကို information late မသွားအောင်ပြောပြနေရတာ

My Everything 💙 (Complete)Where stories live. Discover now