တွေ့ပါပြီ ပန်းနုရောင်ဂါဝန်လေးနဲ့ ဘေဘီက
မာမီဘေးနားမှာထိုင်ပြီး အရှေ့ခုံမှာထိုင်နေတဲ့ အန်တီနှင်းဆီကို
စားစရာလှမ်းထည့်ပေးနေသည်
ကြည့်ပါအုံး လုံးဝဟန်ဆောင်မှုမရှိပဲ ဘယ်လောက်တောင်အပစ်ကင်းလိုက်တဲ့ ဘေဘီလေးလဲ
စားစရာတွေကို ပါးစပ်နဲ့အပြည့်ထည့်ပြီးဝါးနေတဲ့ပုံက
တစ်လောကလုံးမှာ သူမလေးတစ်ယောက်သာရှိနေပုံ
စားစရာတွေပြည့်နေတဲ့
နဂိုဖောင်းနေတဲ့ပါးလေးက ခုလိုကြတော့ ငါ့ရှဥ့်ငပေါလေးနဲ့သွားတူနေသည်🐿
ရယ်လိုက်တိုင်းအရှေ့ကထွက်လာတဲ့ သွားရှည်ရှည်လေးနှစ်ချောင်းနဲ့က ရုပ်ပေါက်လေးအလား🐰
ဖြူနုပြီးကြည်လင်နေတဲ့သူမလေးရဲ့အသားအရည်က
အဝေးကနေလှမ်းကြည့်နေတာတောင် သူမလေး အသားအရည်ဘယ်လောက်ထိလှလည်းဆိုတာ သိနိုင်သည်
ဆံပင်အမြဲထုံးထားတတ်တဲ့သူမလေးက
ဒီနေ့မှ လှိုင်းပုံစံရှိတဲ့ဆံပင်အရှည်တို့ကိုချထားပြီး နားရွက်နှစ်ဖက်အပေါ်က်မှာ ဖဲပြားပုံကလစ်အမဲတို့ကိုတပ်ထားသည်
lather shoe အပေါ်က ခြေစွပ်ရှည်အဖြူရောင်လေးနဲ့တွဲဝတ်ထားပုံက တကယ့် အကောင်ပေါက်လေး မဟုတ်လား
မာမီကထည့်ပေးလိုက် အန်တီနှင်းကထည့်ပေးလိုက်နှင့်
ပါးစပ်နဲ့မဆံ့လည်းထပ်ထိုးထည့်ပြီးစားနေပုံက ၅နှစ်သမီးလေးလိုပင်
အရုပ်နှင့်တူလွန်းနေတဲ့ သူမလေးကို အသက်ဝင်စေသည့်
ကြည်လဲ့နေတဲ့မျက်ဝန်းလေးကတော့ ကျွန်တော့်ရဲ့ကဗျာတွေထဲက တစ်ခုပင်တန်ခိုး သူမလေးကိုကြည့်နေချိန်
သူမလေးအရွယ် လူငယ်၄,၅ယောက်ထိုင်နေသည့် သူမလေးနဲ့ မလှမ်းမကမ်းဝိုင်းက
ကောင်လေး တစ်ယောက်က ဘေဘီ့ကို ဓာတ်ပုံခိုးရိုက်နေသည်မဟုတ်လားတန်ခိုး ထိုကောင်လေးရှေ့ရပ်လိုက်ပြီ
ဒီမှာညီ ခွင့်ပြုချက်မရပဲ လက်လွှတ်စပယ် လုပ်ချင်တိုင်းလုပ်လို့မရတာကိုမသိဘူးလားကောင်လေးက ဒီလူက ဘာလဲဆိုပြီးကြည့်ရာ
မြင့်မားလွန်းသည့်အရပ်
နက်မှောင်နေသည့်မျက်ခုံး
ဆူးရှပြတ်သားလွန်းတဲ့အကြည့်တွေနဲ့ အရမ်းsmartကျလွန်းသည့် ဘော်ဒီအချိုးစားနဲ့ အကို ကိုကြည့်ပြီး
sorry ပါ အကို
အကို့ညီမလေးလား အရမ်းချစ်ဖို့ကောင်းလွန်းလို့ ဓာတ်ပုံလေးရိုက်လိုက်မိတာပါ ကျွန်တော်တို့က မကောင်းတဲ့သူတွေမဟုတ်ပါဘူး cute girl & boy page က admin ပါ page မှာ ဒီညီမလေးရဲ့ပုံကိုတင်ခြင်လို့ပါ
![](https://img.wattpad.com/cover/333744572-288-k565602.jpg)
VOUS LISEZ
My Everything 💙 (Complete)
Roman d'amournormal fic fan တွေအတွက် romance & sweet ဖြစ်မယ့် fic လေးပါ အခုမှ စရေးတာဖြစ်လို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါရှင်🙏 🔞 အသက်ပြည့်ပြီးသူများသာဖတ်ရန် ဘုန်းတန်ခိုးရှင် ဆိုတဲ့ ငါ့အတွက် မရှိမဖြစ်လိုအပ်တာဆိုလို့ အဖြူရောင်ပန်းဆိုတဲ့ ခလေးလေး တစ်ယောက်သာ👧 Za...