My Everything ~ Part 19

8.4K 121 4
                                        

တောင်းပန်စာ....... သာသာအနေနဲ့ ဒီရက်ပိုင်းတွေမှာ အပိုင်းသစ်လေးတွေကိုပုံမှန်မတင်ပေးနိုင်ခဲ့တဲ့အတွက် စာဖတ်သူတစ်ဦးတစ်ယောက်ခြင်းစီတိုင်းကို တောင်းပန်ပါတယ်😍 Part 1 စရေးကတည်းက အားပေးခဲ့တဲ့ စာဖတ်သူတို့ရေ ခုလက်ရှိအချိန်ထိ အားပေးနေလို့ အရမ်းမြတ်နိုးရပါတယ် 😍 ခုမှစပြီး အားပေးကြတဲ့ စာဖတ်သူတို့ကိုလည်း အရမ်းချစ်ရပါတယ် 😍 သာသာ စိတ်ကူးပုံဖော်ရေးသားမှုကို စာဖတ်သူတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်လေးတွေထဲက အချိန်ပေးပြီးဖတ်ပေးတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်😍 စာရေးနေရတာ သာသာအတွက် ဝါသနာတစ်ခုဖြစ်ပေမယ့် လက်ရှိဘဝအတွက် ရုန်းကန်ကြိုးစားနေရလို့ ဒီတစ်လောလစ်ဟင်းသွားတာတွေအတွက်အနူးညွှတ်တောင်းပန်ပါတယ်😍

............................................................................................................

ချစ်သူလမ်းကြားက အုပ်ခုံလေးမှာထိုင်ဖို့ သူမလေးကိုခေါ်လာခဲ့တဲ့ ကိုယ့်ကိုကိုယ် အရမ်းအပစ်တင်နေမိသည်
အကြောင်းက ခြင်တွေတအားပေါလို့ဖြစ်ပေသည်
ဒီလမ်းကြားမှာလာထိုင်တာ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်လိမ့်မည်
တန်ခိုးလှမ်းကြည့်မိတော့ မလှမ်းမကမ်းအုပ်ခုံလေးတွေတိုင်းမှာ စုံတွဲတွေအပြည့်ဖြင့် သူတို့ခြင်မကိုက်ကြဘူးလားဆိုတာကို အသည်းအသန်တွေးနေချိန်

သူ့ပေါင်ပေါ်ပြေးတတ်ထိုင်ပြီး သူ့ကိုအတင်းဖတ်ထားသည့်
မြတ်နိုးရသူလေးကြောင့် ရင်ခုန်မှုအတိုင်းအတာကတော့ ဆူလာမီထက် ကြမ်းနေမည်ထင်သည်

အလုပ်က warehouse အပိုင်းက အတွဲချောင်းတဲ့နေရာမှာနာမည်ကြီးတဲ့ ကိုမြင့်ဇော်တို့အုပ်စုကြီးကို ဆိုင်ကယ်ကိုယ်စီနဲ့ တွေ့လိုက်ရချိန် ဖြူလေးဘာလုပ်လို့ဘာကိုင်ရမှန်းမသိပေ
ကို့ကို့ မျက်နှာကိုမမြင်သွားဖို့က ပထမဦးစားပေးဖြစ်နေသည့်မို့ ကို့ကို့အပေါ်ထိုင်ပြီး ကို့ကို့ပခုံးပေါ်ကိုဖြူလေးခေါင်းလေးတင်ပြီး လမ်းကြားလေးဘက်မျက်နှာမူကာ မျက်လုံးကိုမှိတ်ထားလိုက်သည်

သေချာပါတယ် မနက်ဖြန် ဖြူလေးချစ်သူနဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့သတင်းက တစ်ရုံးလုံးကိုပွထတော့မည်ဆိုတာကိုလေ
ထိုအချိန်

My Everything 💙 (Complete)Donde viven las historias. Descúbrelo ahora