"စစရာရာအတွက် ကျေးဇူတင်တယ်ဗျာ"
" ဟာ မဟုတ်တာ
ကျုပ်အတွက်ဘာမှ ေထွထွေထူးထူး
ကူညီပေးလိုက်ရတယ်ဆိုပြီးမှ မရှိတာ"
"ကိုစောကထူး အကူညီလိုရင်
ကျွန်တော့်ဆီ အချိန်မရွေး
လာခဲ့ပါ"
"အေး........ဗျာ
ဂရုစိုက်ပြီးပြန်ကြပါဗျာ"
"လွမ်းဝေ...... ရွာကိုလာပြန်လည်အုံးနော်"
"လာခဲ့မယ်
ကိုစောကထူး"
"လွမ်းဝေ မြို့ပြန်သွားလည်း
ဒေါ်ပုတို့ကို သတိရနေနော်"
"သတိရနေမှာပေါ့
ဒေါ်ပုရဲ့"
"မောင်ရင်
ကျုပ်တို့ရွာဘက်လမ်းကြုံရင်လည်း
ဝင်လာအုံးနော်"
"ဟုတ်.......ရွာလူကြီး
ကျွန်တော် လမ်းမကြုံလည်း
ကျွန်တော့်ဇနီး လိုက်ပို့ခိုင်းတဲ့အခါ
လာခဲ့မယ်ဗျ"
"လွမ်းဝေ
မကြာမကြာလာလည်နော်"
"ဟုတ်ကဲ့ပါ ေဒါ်ပုရေ"
တန်ခိုးတို့မပြန်ခင်
ဒေါ်ပုအတွက်
ရင်းနှီးစားသောက်ဖို့ရာ
အဆင်ပြေလောက်မည့်
ငွေပမာဏအားထောက်ပံ့ပေးခဲ့ပြီး
.........ကျေးရွာအတွင်း ဆင်းရဲနွမ်းပါးသူများ
အဆင်ပြေစေရေးဖန်ငွေအဖြစ် သိန်း၁ထောင်
ထောက်ပံ့လှူဒါန်းခဲ့သည်........
..........တစ်လမ်းလုံး သူ့ဘေးကနေ
တကျွတ်ကျွတ် တစွပ်စွပ်နဲ့ စားလိုက်
သူ့ပေါင်ပေါ်အိမ်လိုက်နဲ့ အရမ်းပင်ပန်းနေသည့်
သူမလေးက အိမ်ရောက်နေသည်ကိုတောင်မသိလောက်အောင်
အိပ်ပျော်လာသည်မဟုတ်လား.......
.......မမလေးပြန်လာပြီဆိုလို့
ဝမ်းသာလွန်း၍ အိမ်ရှေ့ ထွက်စောင့်နေသူများကတော့
မိအေးတို့ လေးယောက်ပင်ဖြစ်သည်.......
.....ထိုလေးယောက်ထဲ ဝမ်းသာလွန်း၍
မမလေးပြန်လာပြီ ဆို၍
အသံကျယ်နဲ့ အော်တတ်သည်က မိအေးနှင့် ကြီးမေပင်.......
"ရှုး.........တိုးတိုး
ဘေဘီ အိပ်ပျော်နေတယ်"
"ဟုတ်
ဟုတ်...... အကိုလေး"
သူမလေးနိုးမည်ဆိုး၍
အခန်းထဲသို့ဖွဖွလေးချီလာကာ
ကုတင်ပေါ်သို့ချလိုက်တော့
"အင်း......."
"နိုးပြီလား ေဘဘီ"
"ဟင်
ကိုကို
အိမ်ပြန်ရောက်နေပြီလား
ယေ့........."
YOU ARE READING
My Everything 💙 (Complete)
Romancenormal fic fan တွေအတွက် romance & sweet ဖြစ်မယ့် fic လေးပါ အခုမှ စရေးတာဖြစ်လို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါရှင်🙏 🔞 အသက်ပြည့်ပြီးသူများသာဖတ်ရန် ဘုန်းတန်ခိုးရှင် ဆိုတဲ့ ငါ့အတွက် မရှိမဖြစ်လိုအပ်တာဆိုလို့ အဖြူရောင်ပန်းဆိုတဲ့ ခလေးလေး တစ်ယောက်သာ👧 Za...
