My Everything ~ Part 10

4.6K 101 2
                                    

💙 ဖတ်ပြီးရင် သာ့သာ့အတွက် comment, like လေးတွေပေးသွားကြပါအုံးနော်

သမီးရေ မပြီးသေးဘူးလား မြန်မြန်လုပ်လေ
၅နာရီခွဲဆိုဘုန်းကြီးကြွတော့မှာ

ပြီးတော့မှာပါ မေမေရဲ့ အကျီဇစ်တပ်ပြီး ဆံပင်ထုံးပြီးရင် ပြီးပြီ
ခုမှ ၄နာရီခွဲပဲရှိသေးတာကို မေမေကလည်း

၄နာရီခွဲပဲရှိသေးတယ်ဆိုပေမယ့် ဟိုရောက်ရင် ဝိုင်းလုပ်ရအုံးမှာလေ သမီးရဲ့

ဘာတွေကူစရာရှိလို့လဲ မေမေ
အန်တီပန်းမြတ် တို့အိမ်မှာ ဝန်ထမ်းတွေဒီလောက်များတာ

များများ မများများအေ
မြန်မြန်လုပ်ပါ လျှာကရှည်လိုက်သေးတယ်

ဘုန်းဘုန်းတွေ တရားဟောပြီးရင် ဆွမ်းဘုန်းဖို့ မေမေတို့လူကြီးတွေကစွမ်းဝိုင်းပြင်နေကြသည်
လာဝိုင်းလုပ်တဲ့သူတွေရော တရားနာလာကြတဲ့သူတွေရော အတော်များပါသည်
ဖြူလေးကတော့ မေမေတို့ ဟိုဟာယူပေး ဒီဟာယူပေးလုပ်ခိုင်းရင် နည်းနည်းပါးပါးဝိုင်းကူရုံသာ
အယ် အဲ့တာဖြူလေးတို့အလုပ်က ဂျာကြီးမဟုတ်လား မဖြစ်ဘူး ဂျာကြီး ငါ့ကိုမြင်သွားလို့မဖြစ်ဘူးဆိုပြီး ဖြူလေးခြံထဲက ပန်းခြံငယ်လေးထဲ လာနေမိသည် ဘုန်းဘုန်းတွေကြွမှ အိမ်အနောက်ပေါက်ကဝင်သွားမည်ဆိုသည့်အတွေးဖြင့်

မာမီ ဖြူလေးရော
အန်တီနှင်းဖြူလေးရော မပါလာဘူးလား

ပါလာတယ်လေ သား
ခနကတင် တီနှင်းဘေးနားမှာဝိုင်းကူနေသေးတယ်

ဟုတ်တယ် မာမီ့သမီးလေးက ဒီနေ့ ပန်းနုရောင်မြန်မာဝမ်းဆက်လေးနဲ့အရမ်းလှနေတာလေ ဘယ်ရောက်သွားပါလိမ့် ခနက ဒီနားလေးတင်ရှိနေတာ........ နော် နှင်းမြ

ပန်းမြန် နင်တော့လေ ဘယ်သူ့ရှေ့မှကိုမရှောင်တော့ပါလား

သား သွားရှာလိုက်အုံးမယ်
ဘယ်ရောက်သွားပါလိမ့် ဒီခလေးလေး အိမ်ထဲမှာလဲနှံနေပြီမတွေ့ဘူး ခြံထဲဆင်းကြည့်မိတော့ သူမလေးက ပန်းခြံငယ်လေးထဲက စံပယ်ရုံနားမှာ စံပယ်ပန်းတွေနဲ့စကားပြောနေတာမဟုတ်လား
ဘယ်လိုတောင် ချစ်ဖို့ကောင်းလိုက်တာလဲနော်
ချစ်ဖို့ကောင်းလွန်းလို့ မတရားသိမ်းပိုက်ခြင်စိတ်တွေကိုမနည်းမြိုသိမ့်ထားရတဲ့ဒီကောင့်အဖို့က မလွယ်

My Everything 💙 (Complete)Onde histórias criam vida. Descubra agora