Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဟိုတစ်နေ့က ဝနပို့ပေးလိုက်တဲ့
CCTV record ထဲက
ကားအမဲရောင်နှင့်
ယောက်ကျားနှစ်ယောက်ကို
တန်ခိုး ကားမောင်းနေရင်း
မီးပွိုင့်တခုမှာတွေ့၍
မသက်ာတာနှင့်
ထိုကားနောက်ကို
လိုက်လာခဲ့သည်
မြို့ပြင်ကိုတဖြည်းဖြည်းရောက်လာရင်း
အတန်အကြာမောင်းပြီးနောက်
ကျောက်လှိုင်ဂူကြီးတခု၏
ဖုန်ထူတဲ့လမ်းကြားလေးကနေ
မောင်းလာရာ
ဒနိမိုး ဝါထရံကာ
အိမ်လေးတခုထဲကို
ထိုလူနှစ်ယောက်ဝင်သွားသည်
ထိုလမ်းတစ်လျောက်
လမ်းကြားလေးတွေထပ်ရှိနေသေးသည့်အတွက်
ထိုသူတို့မမြင်နိုင်မည့်
လမ်းကြားတစ်ခုတွင်
တန်ခိုးကားရပ်ထားလိုက်ပြီး
ထို တဲအိမ်လေးနားကို
ဖြည်းဖြည်းချင်းလျောက်လာခဲ့သည်
အိမ်ရဲ့ဝါးထရံအပေါက်ကနေ
ချောင်းကြည့်မိရာ
ဟင် ဘေဘီ
ဘေဘီအိပ်နေတာလား
ဘေဘီအိမ်ကထွက်သွားတုန်းက
ဝတ်ထားတဲ့ ဂါဝန်မိုးပြာရောင်လေးနဲ့
ဘေဘီ ......
တန်ခိုးခေါ်လည်းခေါ်ရင်း
တဲအိမ်ပေါ်ကိုပြေးတတ်သွားသောအခါ
ဟာ ခေါင်းမရှိတော့သည့်
ဘေဘီ ခန္ဓာကိုယ် ကိုသာတွေ့လိုက်ရသည်
ဟာ မဖြစ်ရဘူး
ဘေဘီကို ဘာလုပ်လိုက်ကြတာလဲ
ခွေးသူတောင်းစားတွေ
တန်ခိုး အနားမှာတွေ့တဲ့
ပေါက်တူးတစ်ခုကိုယူပြီးထိုလူတွေကိုလည်း
လိုက်ခုတ်ရင်း ခေါင်းမရှိတော့သည့်
ဘေဘီခန္ဓာကိုယ်လေးကိုပြေးဖတ်
ထိုသူတွေကို လိုက်ခုတ်
ထိုလူတစ်စု အိမ်ပေါ်ကနေ
အားလုံးပြေးဆင်းသွားကြသည်
ဘေဘီ ဘေဘီရယ်
ဒါဘေဘီမဖြစ်နိုင်ဘူး
အကျီတူနေတာပဲဖစ်ရမယ်
ဘေဘီမဖြစ်နိုင်ဘူးဆို
သူမလေး လည်ပင်းတည့်တည့်က
မှည့်အနက်လေးကိုတွေ့တော့
ဘေဘီရယ် လာကြပါအုံးဗျာ
တန်ခိုး မာမီတို့ကိုဖုန်းတွေဆက်
ဝနတို့ကိုရော ဖုန်းတွေလိုက်ဆက်
ထိုနေရာကိုအားလုံးရောက်လာကြပြီး
အလောင်းကိုသယ်သွားကြသည်
YOU ARE READING
My Everything 💙 (Complete)
Romancenormal fic fan တွေအတွက် romance & sweet ဖြစ်မယ့် fic လေးပါ အခုမှ စရေးတာဖြစ်လို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါရှင်🙏 🔞 အသက်ပြည့်ပြီးသူများသာဖတ်ရန် ဘုန်းတန်ခိုးရှင် ဆိုတဲ့ ငါ့အတွက် မရှိမဖြစ်လိုအပ်တာဆိုလို့ အဖြူရောင်ပန်းဆိုတဲ့ ခလေးလေး တစ်ယောက်သာ👧 Za...
