.....New Writer မို့သည်းခံပြီးဖတ်ပေးကြပါအုံးရှင် 😁
၁.၆.၂၀၁၄
ဒီနေ့ ကျောင်းပထမဆုံးဖွင့်တဲ့ရက်
ဖြူကြိုက်တဲ့မိုးရနံ့လေးနှင့်အတူ ကျောင်းဝန်းအတွင်းတို့တတ်ကြွသောခြေလှမ်းတွေနှင့်လျောက်လှမ်းလာသူက ဖြူလေးပင်မဟုတ်ပဲ မြင်နေရသောကျောင်းသူကျောင်းသားအားလုံးပင်ဖြစ်လိမ့်မည်
ထိုအထဲမှာသော သူငယ်တန်းခလေးတချို့ပါမည်မထင်ပါ
ထိုအတွေးက ဖြူသူငယ်တန်းပထမဆုံးတတ်တဲ့နေ့ကိုသတိရစေသည်
လွန်ခဲ့တဲ့ ၉နှစ်လောက်ကဖြစ်မည် ဖြူသူငယ်တန်းစတတ်တဲ့နေ့ မေမေကျောင်းလိုက်ပို့တာ ကျောင်းလည်းတတ်ရော မေမေပြန်မှာဆိုးလို့ မေ့မေ့ကိုလိုက်ဆွဲတာ အာ့တာနဲ့ပဲ ဖြူကိုကျောင်းပို့ရင် မေ့မေ့ခမျာတော်ရုံနဲ့မပြန်ရ ဖြူလေးကို ထိုင်စောင့်ပေးနေရတာလေ
ပြန်တွေးကြည့်မိရင်း ရယ်ခြင်လာသည်
ဟဲ့ ဖြူ ဘာတွေဒီလောက်တောင်တွေးနေလို့လဲ တစ်ယောက်ထဲပြုံးနေတာ မှန်မှန်ပြောနော်
ဘာမှမတွေးပါဘူး လဲ့ရယ်
ငါသူငယ်တန်းစတတ်တဲ့နေ့ကိုပြန်သတိရစေလို့ ဒီနေ့ကကျောင်းစဖွင့်တဲ့နေ့ဆိုတော့
အေးနော် ဖြူ
ငါမှတ်မိသေးတယ် အန်တီနှင်း တော်ရုံနဲ့မပြန်ပဲနင့်ကိုထိုင်စောင့်ပေးနေရတာကိုလေ
အေး
ငါလည်းအာ့တာကိုပဲပြန်တွေးမိနေတာ
ဒီလိုတွေးကြည့်မိတော့လည်း ငါ့မေမေသနားပါတယ်
ဒါနဲ့ဖြူ ငါတို့သူငယ်တန်းထဲက ပေါင်းလာတဲ့သူငယ်ချင်းဆိုလို့ငါတို့ လေးယောက်ပဲရှိတော့တယ်နော်
အေး ဟုတ်တယ်နော်လဲ့
နွေနှင်းဆီက ၄တန်းကတည်းကကျောင်းပြောင်းသွားတာနဲ့ သူ့ညီမဝမ်းကွဲ ခင်စံပယ်ဖူးနဲ့အတူလေ
ပြီးတော့ အောင်ထက်မြတ်လည်း လေးတန်းပဲနော် ကျောင်းပြောင်းသွားတာ
အဟမ်း ဖြူ တစ်ယောက်ကျန်သေးတယ်လေ
ထင်ကျော်ဇော်လေ
ဘာလို့သူ့ကိုကျထည့်မပြောတာ ပြောပါအုံး
မဟုတ်ပါဘူးဟယ်
သူက ၇တန်းနှစ်ကမှပြောင်းသွားတာဆိုတော့
ဘာလို့ပြောင်းသွားလည်းရော ထည့်မပြောခြင်ဘူးလား ဒေါ်လေးဖြူ
BẠN ĐANG ĐỌC
My Everything 💙 (Complete)
Lãng mạnnormal fic fan တွေအတွက် romance & sweet ဖြစ်မယ့် fic လေးပါ အခုမှ စရေးတာဖြစ်လို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါရှင်🙏 🔞 အသက်ပြည့်ပြီးသူများသာဖတ်ရန် ဘုန်းတန်ခိုးရှင် ဆိုတဲ့ ငါ့အတွက် မရှိမဖြစ်လိုအပ်တာဆိုလို့ အဖြူရောင်ပန်းဆိုတဲ့ ခလေးလေး တစ်ယောက်သာ👧 Za...
