My Everything ~ Part 26 (Zawgyi)

4.7K 11 2
                                        

မနက်ခင်း နေရောင်ခြည်နွေးနွေးလေးလေးက
ပြတင်းပေါက်မှန်လေးကို ကာရံထားသည့်
လိုက်ကာကြီးရဲ့ကြားမှ တိုးလျှိုးဝင်ရောက်လာကာ
ချစ်သူနှစ်ဦးကိုကျီစယ်နေလေသည်

အချစ်တွေ အနှစ်တွေနှင့်
တညလုံးနီးပါး အိပ်ရေးပျက်ခဲ့ရသည်က အစစ်ဖြစ်သည်မို့
နံနက် ၉နာရီ ၅၀ ဝန်းကျင်ထိ
နိုးထခြင်းမရှိသေးသည့်
ချစ်သူနှစ်ဦးကတော့
အိပ်မက်ကမ္ဘာလေးထဲမှာလည်း
ချစ်ခြင်းရေစင်တွေ
ပက်ဖြန်းနေသည်ထင်ပါရဲ့

တန်ခိုး အခန်းတံခါးဖွင့်၍
ကြီးမေ နွားနို့ပူပူလေးတစ်ခွက်နဲ့
ပါမုန့်ယိုသုတ်ကို မိအေးကိုလာပို့ခိုင်းလိုက်နော်

အင်းးးးးးး.......နိုးလာတာနဲ့
အကြောတွေကိုဆန့်ထုတ်တတ်သည်က
ချစ်ရသူလေး၏ အကျင့်ပင်ဖြစ်မည်
တန်ခိုးနိုးနေတာ
မိနစ် အနည်းငယ်လောက်ရှိနှင့်နေပြီ
သူမလေးရဲ့ မနက်ခင်းအစနိုးထခြင်း
မနိုးထသေးခင် အပစ်ကင်စင်လွန်းစွာ
အိပ်စက်နေခြင်း အိပ်ရင်းဖြင့်ယောင်၍
စကားတွေ တစ်ယောကျထဲပွောနခွေငျး
စသောမြတ်နိုးရခြင်းများစွာကို ပိုင်ဆိုင်ထားသည့်
ချစ်ရသူလေးကို မျက်တောင်မခက်ပဲနဲ့ကို
ကြည့်နေမိသည်က တန်ခိုးရဲ့
ရှင်သန်ခြင်း
အဓိပ္ပါယ်တွေထဲက
တစ်ခုဖြစ်လိမ့်မည်

မျက်ခွံလေးတွေဖွင့်လိုက်တာနဲ့
ဝိုင်းစက်လင်းလတ်နေသည့်
ကြည်လင်တဲ့မျက်ဝန်းလေးတွေက
တန်ခိုးအတွက်
ရတနာတစ်ခုပင်မဟုတ်လား

နိုးပြီးလား ဘေဘီ
ဒီမှာနွားနို့လေးနဲ့ ပါမုန့်လေးစားလိုက်အုံး

ဟုတ်

ကိုကို ဖြူလေး ကိုယ်လက်တွေတအားနာတာပဲ

နဖူးလေးကိုစမ်းကြည့်တော့
ဟာ...... ဘေဘီ ကိုပူနေတာပဲ
တညလုံး အဝတ်မပါပဲ အိပ်လိုက်တော့
အအေးမိသွားတာနေမယ်

ဟလို.......
ကိုနေ ဆေးရုံသွားပြီလား
ကျွန်တော့်ခလေးလေး နေမကောင်းလို့
အခုလာခဲ့နော်

လာ
ဘေဘီ ခေါင်းစွပ် hoodiလေးဝတ်လိုက်
ဒီဘောင်းဘီရှည်လေးပါဝတ်ထား

အာ့.....ဖြူလေး ထလို့မရဘူးကိုကို
နာ နာနေတယ်

အင်း ဘေဘီ sorry ပါကွာ
ကိုသတိလွတ်သွားလို့
အိပ်နေ ကိုဝတ်ပေးမယ်
အရမ်းနာနေလား ဘေဘီ
အုံဖွ ကို့ဘေဘီလေး အရမ်းနာသွားရပြီ
လည်းပင်း ရင်သား လက်မောင်းတွေမှာပါမကျန်
သူပေးထားသည့် အချစ်အမှတ်အသားတွေက
သူမလေး၏ဖြူနုနေသည့်
အသားရည်လေးပေါ်မှာ
အထင်းသားပင်ဖြစ်နေသည်
marking ရာများကိုကြည့်၍
တန်ခိုး ပီတိဖြစ်နေရင်း
သူမလေးကို
အမှန်တကယ်ပိုင်ဆိုင်လိုက်ရပြီဆိုတဲ့
ခံစားချက်ကြီးက မျက်ရည်ပူများပင်စီးကျလာသည့်အထိ

My Everything 💙 (Complete)Tempat cerita menjadi hidup. Temukan sekarang