My Everything ~ Part 23

8.7K 105 2
                                        

Unicode

🐿 အချစ်ဆိုတဲ့အရာကို သေချာသိလိုက်ရတဲ့အချိန်
🐿 နှလုံးသားရဲ့ အနက်ရှိုင်းဆုံးကို
🐿 အဖြူရောင် ပန်းလေးတစ်ပွင့်ရောက်နေခဲ့ပြီ
@MinHtetThar

At Jasmine Fashion Studio
9Am to 9PM

ဖြူလေး အလုပ်ထွက်လိုက်တာ
ဘာလိုလိုနဲ့ ၄လထဲရောက်နေပြီဖြစ်သည်

အလုပ်လုပ်နေရတာ
ပျော်နေသလို အဆင်လည်းပြေနေပေမယ့်
ဖြူလေး ဝါသနာပါသည့်
ကိုယ်ပိုင် Brand လေးတစ်ခု
လုပ်ခြင်သည့်အိပ်မက်ကို
စတင်အကောင်ထည်ဖော်ဖို့အတွက်
အလုပ်ထွက်လိုက်ခြင်းဖြစ်သည်

အခုလက်ရှိမှာတော့
ထိုင်းက ဖိနပ်စက်ရုံတစ်ခုနှင့်ချိတ်ပြီး
ဖြူလေး လိုခြင်သည့် ဖိနပ် designတွေကို
စတင်ထုတ်လုပ်နေပြီဖြစ်သည်
ဖိနပ် အမျိုးစား အမျိုးမျိုး
design ပေါင်း ၁၀၀ကေျာ်လောက်
ထုတ်ပြီးခဲ့ပြီ ဖြစ်သည့်အတွက်
Jasmine Fashion Studio
ဆိုတဲ့ ဖိနပ်လေးတွေနှင့်
ဂါဝန်လှလှလေးတွေသီးသန့်ရသည့်
ဆိုင်လေးကို ဖွင့်လစ်နိုင်ခဲ့သည်မှာလည်း
လွန်ခဲ့သည့် ၁လလောက်က ဖြစ်သည်

အိပ်မက်တွေ အကောင်အထည်
ဖော်နိုင်ဖို့အတွက်
အကြီးမားဆုံး အထောက်ပံ့ပေးသူကတော့
ကိုကိုနှင့် ကို့ကို့မိသားစုပင်ဖြစ်သည်
လက်ရှိဆိုင်နေရာလေးကတော့
ဖြူလေးလုပ်ခဲ့သည့် ကမ်းနားဆိုင်နှင့်
နီးသလို shopping center နှင့်လည်းနီးသည့်
စီးပွားရေး အချက်ချာကျသည့်နေရာလေးဖြစ်သည်

ဖြူလေးဆိုင်ရဲ့ဘေးမှာတော့
coffee bar,ပိုးထည်တိုက်,beauty sloon,cosmetics showroom,hair accessories, jewelryတို့
များစွာရှိပေသည်
ဆိုင်တန်းအပြင်ဘက် တစ်လျောက်
မှန်တွေနှင့်သာ ကာရံထားသည့်အတွက်
ဖြူလေးတို့ ဆိုင်ပတ်ဝန်းကျင်သည်
အရမ်း classic ဖြစ်သည်ဟုဆိုရမည်

beauty sloon ကတော့
ကိုကိုရဲ့ အမဝမ်းကွဲ
မနှောင်းအရိပ်ရဲ့ ဆိုင်လေးဖြစ်သလို
ကျန်တဲ့ဆိုင်တွေကတော့
ကိုကိုရဲ့ ဆွေမျိုးနီးစပ်တော်ကြသည့်
အမ ညီမ တို့ရဲ့ ဆိုင်များပင်ဖြစ်သည်
ဆိုင်နေရာကို ကိုကို ပိုင်သည့်အတွက်
ဖြူလေးအဖို့
ဆိုင်ခန်းကလည်း မပေးရပေ
ဆိုင်ရဲ့ ရောင်းအား ဘာညာကိုလည်း

My Everything 💙 (Complete)Where stories live. Discover now