ဖြူ လက်ဆေးဖို့ Toilet ရှေ့ကဘေစင်ဆီသွားတော့
HR အခန်းရှေ့မှာ ထိုင်ခုံလေးတွေ ချထားတာကိုတွေ့ခဲ့သည်
မသင်း ဒီနေ့ interview ရှိတာလား HRခန်းရှေ့မှာ ခုံတွေချထားတာတွေ့လို့
အေ ဟုတ်တယ် ဖြူလေး Service Counter ကအမက အိမ်ထောင်ကျသွားပြီး သူ့အမျိုးသားနဲ့အခြားနယ်ကိုအတူလိုက်သွားမှာဆိုတော့ အသစ်ခေါ်တာအဲ့ဒီအတွက်လည်းပါမယ်ထင်တယ်
ဟုတ်လား အဲ့အမက အရမ်းချောတာနော် နမျှောစရာကြီးဖြူတို့အလုပ်က ချောချောလေး တစ်ယောက်ထွက်သွားတော့
အဲ့ကောင်မလေး ချောတာ ဖြူလေးကိုမမီပါဘူးနော်
မနှမျှောနေနဲ့ အသစ်လာရင်လည်း အဲ့လိုချောချောလေးပဲလာမှာ service counter အတွက်ဆိုရင် ချောချောလေးပဲခေါ်မှာ
ဖြူတို့အလုပ်က ဝန်ထမ်းတွေအားလုံးက uniform လေးတွေဝတ်လိုက်ရင်ကိုက သန့်ပြီးကြည့်ကောင်းသွားတယ်နော် မသင်း
အင်း မသင်းတို့ဖြူလေးက ကြည့်ကောင်းတာတင်မဟုတ်ပဲ ချစ်ဖို့ကောင်းလွန်းတာပါနော်
ဖြူလေးရေ အတန်းကအကိုတွေအမတွေနဲ့အတူဝိုင်းကူလိုက်အုံးနော်
renovation လုပ်ဖို့ Together company ကလာလိမ့်မယ် ပစ္စည်းတွေကိုတော့ ဂိုဒေါင်ပိုင်းကအကိုတွေလာသယ်လမ့်မယ် ဖြူလေးတို့က ရွေ့တဲ့ပစ္စည်းအရေအတွက်တွေမှတ်ထားနော်
ဟုတ်မသင်း
renovation လုပ်မယ်ဆိုတာက display changeတာကိုပြောတာလား
အဲ့ဒီသဘောပါပဲ
အမတို့ခု ေရာင်းဖို့ခင်းကျင်းပြသထားတဲ့ပုံစံကို အစအဆုံး ဖြည်းဖြည်းချင်း အသစ်ပြန်လုပ်မှာလေ
ဟုတ်မသင်း ဖြူသဘောပေါက်ပြီ
အင်း .....အင်း အမ supervisors meeting ရှိလို့သွားလိုက်အုံးမယ်နော်
ဟုတ်တယ် အကို အဲ့ဒီပြတင်းပေါက်တွေပါရွေ့မှာရှင့်
ခနလေးနော် ဖြူ stock qty တစ်ချက်မှတ်မလို့ပါ
ဟုတ် ရပြီရှင့်
ဖြူစာရင်းမှတ်နေတုန်းက သတိမထားမိပေမယ့်
ဟင် ဟိုအကိုငါ့ကိုဘာလို့သေချာကြည့်နေတာလဲမသိ
စျေးလာဝယ်တာထင်တယ်
သွားမေးအုံးမှ
မဂ်လာပါရှင့် ဘာများလိုအပ်လို့ပါလဲရှင့်
ဟုတ် မဂ်လာပါ ညီမ
အကို တံခါးနဲ့ပြတင်းပေါက်လေးတွေလာကြည့်တာ
BẠN ĐANG ĐỌC
My Everything 💙 (Complete)
Lãng mạnnormal fic fan တွေအတွက် romance & sweet ဖြစ်မယ့် fic လေးပါ အခုမှ စရေးတာဖြစ်လို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါရှင်🙏 🔞 အသက်ပြည့်ပြီးသူများသာဖတ်ရန် ဘုန်းတန်ခိုးရှင် ဆိုတဲ့ ငါ့အတွက် မရှိမဖြစ်လိုအပ်တာဆိုလို့ အဖြူရောင်ပန်းဆိုတဲ့ ခလေးလေး တစ်ယောက်သာ👧 Za...
