My Everything ~ Part 14

11K 132 10
                                        

ဟလို Mornee ဘေဘီ ထတော့နော်
ကိုကိုတောင် airport ရောက်နေပြီး

ကိုကိုနော် ဘာလို့အစောကြီးဖုန်းဆက်လာတာလဲ
သူများအိပ်ယာထချိန်မရောက်သေးတာကို
၆နာရီတောင်မခွဲသေးဘူး

ဘာမပြောညာမပြော ဖုန်းချသွားတာ သူ့ဘေဘီလေးပင်မဟုတ်လား
တွေ့မယ် အတူနေရတဲ့အခါမှ

၆နာရီခွဲအတိ သူဖုန်းထပ်ဆက်သွားသော်

ဟလို ကိုကို ဖြူလေးနိုးပြီး ခုထပြီး မျက်နှာသစ်ရေချိုးတော့မယ်
တာ့တာနော် ကိုကို

မိုးလင်းတိုင်း သူမအသံလေးကြားချင်လို့
ဖုန်းခေါ်တဲ့အခါတိုင်း အေးအေးလူလူရယ်မရှိ
နေ့တိုင်း အလောတကြီးနဲ့ဖုန်းချသွားတဲ့ဘေဘီပင်မဟုတ်လား
ဘာပဲဖြစ်ဖြစ် တန်ခိုးရဲ့ တစ်နေ့တာအစမှာ သူမအသံလေးပါမှ
အသက်ဝင်မှာမို့လို့လေ
၁လအတွင်း ဘေဘီကိုစိတ်မချနိုင်လို့ စောင့်ကြည့်ဖို့ လူတစ်ယောက်တော့လွှတ်ထားခဲ့သည်

face scan ဖတ်ပြီးလို့ နာရီကိုကြည့်တော့ ၈နာရီထိုးဖို့ ၅မိနစ်အလို
ဟူးးးးးးး
တော်သေးလို့ နောက်မကျတာ
အလုပ်ဖွင့်တဲ့ရက်တွေမနက်တိုင်းလိုလို အချိန်ကအလုအယက်ပင်မဟုတ်လား
၆နာရီခွဲလို့ နိူးတာနဲ့ ရေချိုးအလှပြင် အချိန်က ၇နာရီခွဲခါနီးပြီ တစ်ခါတစ်လေ မနက်စာပင်မမှီ
၇နာရီခွဲဆို ဦးငယ်လေးဆိုင်ကယ်နဲ့ ခြံရှေ့ရောက်လို့ဟွန်းတီးပြီမဟုတ်လား
အလုပ်နဲ့အိမ်က နည်းနည်းလှမ်းလို့ နာရီဝက်လောက်ကြိုထွက်မှ၈နာရီမထိုးခင်လေးအလုပ်ကိုရောက်ပါသည်

မနက် meeting တတ်တော့ မနေ့က အင်တာဗျူးပြီးခေါ်ထားလို့
ဝန်ထမ်းအသစ်တွေရောက်သည်မို့ ဖြူလေးတို့ ဝင်တုန်းကလို
ထွက်ပြီးမိတ်ဆက်ရသည်မဟုတ်လား
မှတ်မိပါသေးတယ် ဖြူလေးစဝင်တဲ့နေ့က ကိုကိုဒီဆိုင်ခွဲကိုလာလို့
BM,HR ,Supervisors အားလုံးပြာယာခက်ကျသည့်နေ့လေးဆိုတာ ဖြူပြန်တွေးမိနေတုန်း

ဒီအကိုတစ်ယောက်ကတော့ မနေ့ကမှအခြားဆိုင်ခွဲကနေပြောင်းလာတဲ့ မောင်လေးပါ မောင်လေးမိတ်ဆက်လိုက်ပါအုံး HRစကားရဲ့အဆုံး

ဟုတ်ကဲ့ဗျ
Senior Sale Supervisor
အောင်ထက်မြတ် ပါ
မနေ့ကတော့ ဒီဘက်ကိုပြောင်းလာပေမယ့်
အဆောင်ကိစ္စတွေ အခြားကိစ္စတွေရှိတာနဲ့
ဒီနေ့မှအလုပ်စဆင်းဖြစ်တာပါခင်ဗျ
ဝိုင်းပြီးကူညီပေးကျပါ အတူကြိုးစားရအောင်ပါခင်ဗျ
သူ့စကားအဆုံး ဝန်ထမ်းတွေလက်ခုတ်တီးကြသည်

My Everything 💙 (Complete)Dove le storie prendono vita. Scoprilo ora