My Everything ~ Part 25 🔞 Unicode

15.7K 109 0
                                    

🐿 အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူးတဲ့
ဟုတ်လား
🐿 အဲ့ဒါဆို မင်းကို မတရားသဖြင့် အရိုင်းစိုင်းသတ္တဝါတစ်ကောင်က သိမ်းပိုက်ပြီး
ချစ်လို့ပါ
🖕 အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူးလို့ ပြန်ပြောရင် လက်ခံနိုင်မလား 🖕
@TanKoe Shin

ဘာလိုလိုနဲ့ မနက်ဖြန်
Oct 2 ရက်နေ့
ကို့ကို့ မွေးနေ့လေးဖြစ်သလို
ဖြူလေးတို့ရဲ့ မဂ်လာရက်မြတ်လေးလည်းဖြစ်သည်မို့
မနက်ဖြန်အတွက်ဖြူလေးရင်ခုန်နေမိသည်

ဒီအတောအတွင်း ကိုကိုနှင့်အတူ
ေမမေတို့ အားလုံး
မဂ်လာဆောင်အတွက်
အလုပ်တွေကိုယ်စီရှုပ်နေကြပေမယ့်
မဂ်လာဆောင်ရမည့် သတိုသမီးဖြစ်သူ
ဖြူလေးကတော့
မနက်ဖြန်မဂ်လာဆောင်ရမည်သာဆိုတယ်
ပင်ပန်းသည်ဟူ၍မရှိပေ

မဂ်လာဝတ်စုံ
ဖိတ်စာ အခန်းအနား
ကျွေးမွေးမည့်အစားအသောက်တွေကအစ
ကိုကိုနှင့် နှစ်ဖက်မိဘများကတိုင်ပင်၍
အကောင်းဆုံး ဆောင်ရွက်နေခဲ့ကြသည်မှာ
မနက်ဖြန်ဆို ထို ဖြူလေးချစ်ရသူ အားလုံး၏
ကြိုးစားနေမှုကိုတွေ့ရတော့မည်ဖြစ်သည်

မဂ်လာဝတ်စုံ
စမ်းဝတ်ကြည့်တဲ့နေ့ကဆို
မိုးပြာရောင် ထမီသိမ်းလေးအပေါ်
အဖြူရောင်ရတနာ စိန်ပွင့်လေးများဖြင့်
စီချယ်ထားသည်ကို
ဖန်စီကျောက်တွေဟုထင်နေသောဖြူလေးအရှေ့မှာ
designer ကိုလွန်း ပြောတဲ့စကားကြောင့်
ဖြူလေး ထိုဝတ်စုံကို ပြေးချွတ်မတတ်
လန့်သွားရသည်မဟုတ်လား

ထိုနေ့က
ဘေဘီ သွားရအောင်

ဘယ်သွားဖို့လဲ ကိုကို
လဲ့မရောက်သေးဘူး
ဆိုင်ကိုထားသွားဖို့က

လဲ့က ရောက်နေပြီး
မဂ်လာဝတ်စုံ စမ်းဝတ်ရမယ့်
designer ဆီကို

ဟမ်
ဟုတ်လား အဲ့ဒါကြောင့်
ဒီနေ့လဲ့ နောက်ကျနေပါတယ်လို့

ဆိုင်ကိုဝန်ထမ်းတွေနဲ့ထားခဲ့လိုက်လေ
ရတယ်မဟုတ်လား

ရတယ် ကိုကို
ခန ဖြူလေး မှာစရာရှိတာ
မှာလိုက်အုံးမယ်

ဆိုင်ကဝန်ထမ်းတွေကို
လိုအပ်တာတွေမှာပြီး ကိုကိုနဲ့
မဂ်လာဝတ်စုံစမ်းဝတ်ကြည့်ရမည့်
designer ရဲ့ fashion showroom ကို
ထွက်လာခဲ့ကြသည်

My Everything 💙 (Complete)Donde viven las historias. Descúbrelo ahora