My Everything ~ Part 17

9.4K 133 4
                                        


ဟယ် ပန်းမြတ် လာ
နင်ဒီနေ့ဆိုင်မသွားဘူးလား
ငါ့ဆီအစောကြီးဘာလာလုပ်တာ

အေး မသွားဘူး
နှင်းမြ နင့်ဆိုင်ကို နင့်ဆိုင်ကဝန်ထမ်းမလေးနဲ့ထားခဲ့လို့ရလား
မရရင် ဆိုင်ပိတ်လိုက်ပါလား

ငါကဆိုင်ပိတ်ရမယ်
နင်အရေးကြီးသွားစရာရှိလို့လား ပန်းမြတ်

ရှိတယ်
အရမ်းအရေးကြီးပြီး အဓိပ္ပါယ်ရှိတဲ့နေ့လေ
ဒီနေ့က

ဟုတ်လား
ဘာနေ့မို့လဲ ပန်းမြတ်

သမီးလေးနဲ့သားက ချစ်သူတွေဖြစ်သွားကြပြီလေ
အဲ့ဒါ ဒီနေ့ရုံးပိတ်ရက်လည်းဖြစ်တော့
သားက မိဘမဲ့ဂေဟာနဲ့ ဘိုးဘွားရိပ်သာမှာ
မာမီတို့ဒယ်ဒီတို့ အန်တီနှင်း တို့နဲ့အတူ
အလှူလေးသွားလုပ်ခြင်လို့တဲ့

ဟယ်
ဟုတ်လား ငါတောင်ဘာမှမသိရပါလား
ဒီခလေးမကတော့ အမေကိုဘာမှမပြောပြဘူး

အယ်
နှင်းမြရယ်
သမီးလေးကိုအပစ်ပြောမစောပါနဲ့အုံး
ချစ်သူတွေဖြစ်သွားတာမနေ့ညကမှတဲ့လေ
သမီးလေးက နင့်ကိုဘယ်ချိန်ပြောမှာ

နင်အလှူသွားလုပ်မယ်ဆိုလို့
သမီးလေးရောပါမယ်မဟုတ်လား
သမီးရော သိပြီးပြီလား အလှူသွားလုပ်မယ့်ကိစ္စ

မသိလောက်သေးဘူးထင်တယ်
သားလေး ပြောယူလိမ့်မယ်
ငါက နင့်ကိုလာခေါ်တာ

အေး
ခန ခုမှ ၆နာရီကျော်ပဲရှိသေးတယ်
သမီးနိုးအုံးမှာမဟုတ်ဘူး
အလုပ်ပိတ်ရက်ဆိုတော့
ငါဖုန်းဆက်နှိုးလိုက်မယ်

မနှိုးပါနဲ့ အိပ်ပါစေ
အလုပ်ပိတ်ရက်လေး အိပ်ရေးဝဝအိပ်ရတာကို
သားလေး နှိုးယူပါစေ
ငါခု နင့်ကိုလာခေါ်တာက
လှုမယ့် ပစ္စည်းတွေ ငါနဲ့အတူလိုက်ဝယ်မယ်လေ
လာ သွားရအောင် နှင်းမြ

🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰

ဟလို
မောနီး
ေဘဘီ အိပ်ပုတ်လေး
ထတော့နော် ၈နာရီထိုးနေပြီ

အင်း......
ကိုကို ကလည်း ဖြူလေးကနိုးနေပါပြီ
မထခြင်သေးလို့ အိပ်ယာထဲမှာကွေးနေတာ

မကွေးနဲ့တော့
ထတော့နော်
ဒီနေ့ ကိုကိုနဲ့တူတူ အလှုသွားလုပ်ရအောင်

My Everything 💙 (Complete)Dove le storie prendono vita. Scoprilo ora