ရပါတယ် ဂျာကြီး ဖြူနားလည်ပါတယ် လုပ်ငန်းခွင်အတွင်းဒီလိုအခက်အခဲသေးလေးတွေရှိတာကို
ဖြူဒီနေရာမှာပဲဆက်လုပ်မယ် နေရာပြောင်းဖို့ထိမလိုသေးဘူးလို့ထင်လို့ပါ
ဖြူအတွက်ခုလိုစဉ်းစားပေးလို့ကျေးဇူးတင်ပါတယ် ဂျာကြီး
ဖြူအခက်ခဲတွေကနေ မရှောင်ပြေးခြင်ဘူး ရင်ဆိုင်ပြီးတော့ပဲဖြေရှင်းခြင်တယ် အဲ့ဒါကြောင့်ပါ
ကောင်းပြီ ညီမ တခုခုအခက်ခဲကြုံနေရတယ်ဆို အကို့ကို ချက်ချင်းပြောပါ
ဟုတ်ကဲ့ စိတ်ချပါ ဂျာကြီး
ဖြူကိုသွားခွင့်ပြုပါအုံး
ဖြူကို မန်နေဂျာစကားခေါ်ပြောတယ်ဆိုပြီးအားလုံးကစိတ်ဝင်စားနေကြပေမယ့် ဖြူတာဝန်ယူရတဲ့အပိုင်းရော အတန်းရော ဘာတစ်ခုမှ အပြောင်းလည်းမဖြစ်သွားသည့်အတွက်
ဖြူကိုမလိုသူတော်တော်များများမကြေနပ်ကြသည့်ထဲတွင် အဆိုးဆုံးက မချိုပင်မဟုတ်လား
နေ့လည်ထမင်းစားချိန်ရောက်တော့ ဝေဝေက ထမင်းအတူစားဖို့လာခေါ်သည်နှင့် မသင်း ဖြူထမင်းသွားစားတော့မလို့ ထမင်းစားကဒ်ယူသွားပြီနော်ဆိုပြီး အလုပ်လုပ်ရင်းသောက်နေကြရေဘူးလေးယူကာ ဝေဝေနှင့်အတူ ထမင်းစားခန်းဆီ ထွက်လာခဲ့ကြသည်
ဖြူ ဒီဝိုင်းမှာထိုင်ရအောင် ပြတင်းပေါက်နဲ့နီးတော့ လေကောင်းလေသန့်ရလို့
ရတယ် ဝေဝေ နင်အဆင်ပြေတဲ့ဝိုင်းထိုင်
ဖြူတို့ထမင်းစားနေကြပေမယ့် ထမင်းစားခန်းတွင်ရှိနေသော ဝန်ထမ်းတော်တော်များများကတော့ ဖြူလေးကိုမသိမသာကြည့်တဲ့သူကကြည့် သိသိသာသာကြည့်တဲ့သူကကြည့်နဲ့ အတင်းပြောနေကြသည်ထင်ပါရဲ့
ဒါကိုသိနေသည့်ဝေဝေက
ဖြူ အာရုံလိုက်ထားမနေနဲ့ ထမင်းကိုသာစား
ရော့ နင်ကြိုက်တဲ့ပုဇွန်ကြော် များများစား
ဝေဝေ ထိုသို့ပြောချိန် ထမင်းလာစားသည်ဟုထင်ရသောဂျာကြီးက ကြားသွားရာတွင်
အဖြူရောင်ပန်း ပုဇွန်ကြော်ကြိုက်တာလား အတော်ပဲ အကို့မေမေဒီနေ့ ပုဇွန်ကြော်နဲ့ ထမင်းချိုင့်ထည့်ပေးလိုက်တာ အများကြီးပါလာလို့ ခန အကိုယူလာပေးမယ်
YOU ARE READING
My Everything 💙 (Complete)
Romancenormal fic fan တွေအတွက် romance & sweet ဖြစ်မယ့် fic လေးပါ အခုမှ စရေးတာဖြစ်လို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါရှင်🙏 🔞 အသက်ပြည့်ပြီးသူများသာဖတ်ရန် ဘုန်းတန်ခိုးရှင် ဆိုတဲ့ ငါ့အတွက် မရှိမဖြစ်လိုအပ်တာဆိုလို့ အဖြူရောင်ပန်းဆိုတဲ့ ခလေးလေး တစ်ယောက်သာ👧 Za...
