.....New Writer မို့သည်းခံပြီးဖတ်ပေးကြပါအုံးရှင် 😁
ဘွဲ့ရပြီး ၂နှစ်ဆိုတဲ့အတောအတွင်းမှာ ဖြူတစ်ယောက် သင်တန်းလေးတွေပြေးတတ်လိုက် မေ့မေ့ဆိုင်မှာဝိုင်းကူလိုက်နဲ့ အလုပ်အတည်တကျဆိုလို့ မရှိသေးတဲ့အတွက်ကြောင့် ကိုယ်ဝါသနာပါတဲ့အလုပ်နဲ့ဘဝထပ်တူကျဖို့ရာ လေ့လာမှုတွေပြုလုပ်ဖို့အတွက် အဓိကကျတာက အခြားအပြင်အလုပ်တွေဝင်လုပ်ခြင်းကနေသင်ယူခြင်းက အတွေ့အကြုံတွေ ကအကောင်းဆုံးဖြစ်မည်ထင်သည်
၁၀တန်းကိုအမှတ်ကောင်းကောင်းနဲ့အောင်ခဲ့ပေမယ့်
အရမ်းအဆင်အပြေကြီးမဟုတ်နေတဲ့ မိသားစုအခြေအနေလေးကြောင့်
Mainကိုသာတတ်ခဲ့ပြီး ရိုးရိုး BSC ဘွဲ့လေးတစ်ခုအပြင် ဖြူမှာ Advance Excel,English Speaking,LCCI 1,2, ဝါသနာပါရာ Korea Speaking အနည်းငယ်သာညီမလေးက ကရင်+မွန် ကပြားတိုင်းရင်းသူနော်
အမတို့ ကုပဏ္ဏီမှာ အခြား department တွေဝင်လျောက်လို့ရတဲ့အရည်အချင်းရှိပါလျှက်နဲ့ ဘာလို့ အရောင်းပိုင်းကိုမှ ဝင်လျောက်ရတာလဲဟုတ်
ဖြူကလေ Customer Services ကိုအရမ်းစိတ်ဝင်စားတဲ့အတွက်ကြောင့် အရောင်းပိုင်းကို ဝင်လျှောက်ဖြစ်တာပါရှင့်Customer Services ကိုဘာကြောင့်စိတ်ဝင်စားတာလဲ
ဟုတ်
ဖြူ ဘဝမှာ ဖြစ်ခြင်လာမယ့်အလုပ်ရှိခဲ့ရင် Customer Services ကလည်း မဖြစ်မနေလိုအပ်မယ်ထင်လို့ပါရှင့်ဘာဖြစ်လို့ အာ့လိုထင်ရတာလဲ
ဟုတ်
ဖြူရဲ့ ခံယူချက်ကတော့ ဖြူအရှေ့မှာရှိနေတဲ့သူက ဖြူရဲ့ Customer ပါပဲ
ဖြူအရှေ့မှာ ရှိနေတဲ့ Customer ကိုဖြူက အကောင်းဆုံးဆက်ဆံမယ်ဆိုရင် ဖြူဘဝမှာလည်း အကောင်းဆုံးတွေပဲဖြစ်လာမယ်လို့ ယုံကြည်လို့ပါ
အခု အမ HR နဲ့ BM က ဖြူရှေ့မှာဆိုတော့ လက်ရှိ ဖြူရဲ့အရှေ့မှာရှိနေတဲ့ Customer နှစ်ယောက်လုံးကိုလည်း ဖြူက အကောင်းဆုံးဆက်ဆံရပါမယ် ဖြူရဲ့ခံယူချက်ပါရှင့်ညီမရဲ့ခံယူချက်ကို အကိုတော့ အရမ်းသဘောကျသွားပြီ
Customer Services ကိုတချို့က စျေးရောင်းတဲ့အခါ စီးပွားရေးလုပ်တဲ့အခါတွေသာအသုံးပြုရမယ်လို့ထင်ထားကြပေမယ့် ညီမကတော့ Customer Services ကိုသေချာနားလည်သဘောပေါက်ထားတဲ့သူကရှားတယ်
YOU ARE READING
My Everything 💙 (Complete)
Romancenormal fic fan တွေအတွက် romance & sweet ဖြစ်မယ့် fic လေးပါ အခုမှ စရေးတာဖြစ်လို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါရှင်🙏 🔞 အသက်ပြည့်ပြီးသူများသာဖတ်ရန် ဘုန်းတန်ခိုးရှင် ဆိုတဲ့ ငါ့အတွက် မရှိမဖြစ်လိုအပ်တာဆိုလို့ အဖြူရောင်ပန်းဆိုတဲ့ ခလေးလေး တစ်ယောက်သာ👧 Za...