ဖြူ V-Day နေ့က ငါပေးတဲ့ လက်ဆောင်လေးကိုသဘောကျရဲ့လား
အင်း....... ထက်မြတ် ငါသဘောကျပါတယ်
လူကိုရော သဘောမကျဘူးလား
နင်နော် စကားပြောရင်း မဖောက်လာနဲ့
ငါအကောင်းပြောနေတာ ဖြူ
ငါနင့်ကို ဘယ်လောက်ထိသဘောကျလဲ
ဘယ်လောက်ထိ သဘောကျခဲ့ရလဲ
နင်လည်းသိတာပဲ ဖြူ
ငါ သိပါတယ် ထက်မြတ်ရယ်
ငါသေချာသိသေးတာ တစ်ခုက
နင့်လိုသူငယ်ချင်းကောင်း ရှားတယ်ဆိုတာလေ
နင် သူငယ်ချင်းလိုပဲ ငါ့ကို သဘောထားပေးလို့မရဘူးလား
ငါ သူငယ်ချင်းထက်ကိုပိုခြင်တာ
အခုမှ မဟုတ်ဘူးလေ ဖြူ
ငါ့ မှာ ချစ်သူရှိတယ် ထက်မြတ်
ဟမ်.........နင်....နင်
ဘယ်တုန်းက ချစ်သူရှိသွားတာလဲ
မကြာသေးဘူးလို့လဲ ပြောလို့ရတယ်
ကြာပြီလို့လည်းပြောလို့ရတယ်
ကိုကိုက ငါ့ကိုချစ်နေတာကြာပြီဆိုပေမယ့်
ငါမကြာခင်ကမှ အဖြေပေးလိုက်လို့
ချစ်သူတွေဖြစ်တာတော့ မကြာသေးဘူး
ဘယ်သူလဲ
ဘယ်ကလဲ နင့်ရည်းစားက
ငါနဲ့ရောသိလား
နင့်နဲ့တော့ မခင်ပေမယ့်
နင်သိပါတယ်
ဘယ်သူလဲ ဖြူ
နင်မှတ်မိလား
ငါ ငယ်ငယ်ကဆို ညနေကျူရှင်ကပြန်ရင်
လာလာကြိုပေးတဲ့အကိုလေ
နင်မှတ်မိလား
အင်း
ငါမှတ်မိပြီ
နင် ကိုကို လို့ခေါ်နေတဲ့ အကိုမဟုတ်လား
နာမည်က ဘာပါလိမ့်
ဘုန်း.........🤔ဘာဆိုလားပဲ
အင်း
ဟုတ်တယ် အဲ့အကိုပဲ
ဒါဆို
အဲ့အကိုက နင့်ကိုလိုက်နေတာကြာပြီပေါ့
အင်း
အဲ့လိုလည်းပြောလို့ရပါတယ်
နင်သေချာစဥ်းစားပြီးပြီလားဖြူ
အဲ့အကိုက အခုဘာအလုပ် လုပ်နေလဲ
ငယ်ငယ်က နင်တို့ပြောတာတော့ကြာဖူးတယ်
အဲ့ဘဲ အရမ်းချမ်းသာတယ်ဆိုတာ
ဖြူလောကမှာ မိဘကချမ်းသာပေမယ့်
ကိုယ်တိုင်က အရည်အချင်းမရှိတဲ့သူတွေအများကြီး
နင်အခုရွေးချယ်လိုက်တဲ့ နင့်ရည်းစားကိုသေချာလေ့လာနော်
ငါနင့်ကိုစိတ်ပူလို့ပါ
ESTÁS LEYENDO
My Everything 💙 (Complete)
Romancenormal fic fan တွေအတွက် romance & sweet ဖြစ်မယ့် fic လေးပါ အခုမှ စရေးတာဖြစ်လို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါရှင်🙏 🔞 အသက်ပြည့်ပြီးသူများသာဖတ်ရန် ဘုန်းတန်ခိုးရှင် ဆိုတဲ့ ငါ့အတွက် မရှိမဖြစ်လိုအပ်တာဆိုလို့ အဖြူရောင်ပန်းဆိုတဲ့ ခလေးလေး တစ်ယောက်သာ👧 Za...
