My Everything ~ Part 32 (Zawgyi) 🔕

3.5K 11 2
                                        

မေမေတို့နှင့်အတူ
ကရင်ပြည်နယ်အနှံ
လျောက်လည်ဖြစ်သည်

ဘားအံတောင်ကြားလမ်းနှင့်အပြိုင်
လှနေသည့် သူမလေးက
မိုးပြာရောင်ဂါဝန်လွင့်လွင့်လေးကိုဝတ်ဆင်ထားကာ
သူမလေးရဲ့အပြုံး
ရယ်သံလွင့်လွင့်လေးတွေကြောင့်
ကရင်ပြည်နယ်တစ်ခွင်က
တန်ခိုးအတွက်
ပိုပြီးအသက်ဝင်နေစေခဲ့မည်ထင်သည်

ဘေဘီရယ် ဖြည်းဖြည်းထိုင်ပါ
ရေထဲပြုတ်ကျနေမှဖြင့်
ကိုကိုရင်ကျိုးရချည်ရဲ့

ဟုတ်တယ် သမီးလေး
ကိုကိုပြောတာ နားထောင်နော်
တစ်ဖက်လှေမှ မာမီကလှမ်းပြောနေသည်

ဟင်
ဘာမှန်းလည်းမသိဘူး
ွလွမ်းဝေကဖြင့် ဒီမှာနေလာတာကြာပြီ
ဟိုရှေ့က နေရာလေးမှာတောင်
ကရင်မုန့်ဟင်းခါးချက်ရောင်းခဲ့သေးတာကို

သူမလေး လက်ညိုးထိုးပြသည့်နေရာကို
လိုက်၍ကြည့်မိကြသည်
ဒယ်ဒီမာမီ
အန်တီနှင်းနဲ့ ဦးလေးတို့က
ဘယ်လိုနေလဲမသိပေမယ့်
ထိုအချိန်တွေကို
သူမလေးဘယ်လောက်တောင်
ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရမည်လဲ
တွေးကြည့်မိရုံနဲ့တင်
မထိန်းနိုင်တဲ့မျက်ရည်များကတော့
တန်ခိုးရဲ့ ပါးပြင်ထက်မှာတည်နေသည်

ဟင်
အကို ငိုနေတာလား
ငိုနဲ႕ေတာ့နော်
လွမ်းဝေ ငြိမ်ငြိမ်လေးပဲထိုင်တော့မယ်နော်

လာ ဒီကို
လှေရဲ့နောက်ဆုံး ဦးချွန်နေရာမှာထိုင်၍
သူမလေးကို ရင်ခွင်ထဲထည့်ထားကာ
ဆန္ဒဂူထဲရဲ့ အပျော်စီးလှေပေါ်မှာထိုင်ရင်း
ရင်ခွင်ထဲက သူမလေးကို
တစိမ့်စိမ့်ကြည့်နေမိသည့်အဖြစ်က

အကို ဟိုမှာကြည့်
ငါးလေးတွေလှနေရော

အင်းးးးးး

အကို ဒီမှာကြည့်ပါဆို

အင်.......

အကိုရေ....လို့

ဗျာဗျာ

ဒီမှာကြည့်

ဟအင်း
ကြည့်ခြင်ဘူး
ကို့ မျက်လုံးထဲ ဘေဘီလောက်
ဘယ်အရာမှ မလှဘူး

ဘာမှန်းလည်း မသိဘူး
အကိုနော်
အာ့လိုကြီး ကြည့်မနေနဲ့လေ
ဖြူလေးရှက်တာပေါ့လို့

My Everything 💙 (Complete)Where stories live. Discover now