My Everything ~ Part 9

5.2K 88 0
                                        

ဒီနေ့ ကမ်းနားက ဆိုင်ခွဲကိုသွားတယ်ဆို
ဆိုစမ်းပါအုံး အကျွန်နုပ်ရဲ့သားတော် ဘုန်းတန်ခိုးရှင်

ဟုတ်တယ်လေ ဘာလို့သွားလဲဆိုတာပါ ဒယ်ဒီ BMတစ်ခါတည်းမတင်ပြဘူးလား

သူလည်းမသိဘူး ငါမေးပြီးပြီ
ပြောပါအုံး အဲ့ဆိုင်ခွဲကိုမှ ဒယ်ဒီသားသွားတယ်ဆိုကတည်းက တစ်ခုခုပဲ

ဒယ်ဒီချွေးမ ဒီနေ့ အဲ့ကမ်းနားဆိုင်ခွဲမှာ အလုပ်စဝင်တာလေ

ဟုတ်လား ဒယ်ဒီတောင်မသိရပါလား
ဒယ်ဒီ ဝန်ထမ်းဒီလောက်များတာ ဝန်ထမ်းအငယ်ပိုင်းတွေ
ွအသစ်ဝင်တာ ဒယ်ဒီကဘယ်လိုသိမှာလဲ
ဒါမဲ့ မလိုပါဘူး ဒယ်ဒီသိဖို့ ကျွန်တော်သိရင်ရပြီ

ငနာလေး မယားတိုက်ကစရူးပြီ
ဒါနဲ့ ဘယ်အပိုင်းကိုဝင်တာလဲ ခလေးမလေးက

အရောင်းပိုင်းပဲ ဒယ်ဒီ
interview note မှာ အရောင်းပိုင်းကိုစိတ်ဝင်စားလို့
Customer Services အတွေ့အကြုံလိုချင်လို့တဲ့

ဒါဆို ခလေးမလေး ပင်ပန်းမှာပေါ့ တစ်နေကုန်မက်တပ်ရပ်ရတာမဟုတ်လား အရောင်းပိုင်းက
ဒယ်ဒီ ကမ်းနားဆိုင်ခွဲက BMနဲ့ တစ်ချက်တိုင်ပင်ကြည့်အုံးမယ်
ဒါနဲ့ ဒယ်ဒီရှိတဲ့ ရုံးချုပ်ကို သားအလုပ်တွေပစ်ပြီးတကူးတက လာတာက

မင်းမဟာက ခု ဒယ်ဒီရုံးချုပ်နဲ့တွဲလျက်ဆိုင်မှာ ABM ဟုတ်လား
သူ့ကို ဒီ April ရာထူးတိုးတွေွကျရင် Transfer ကမ်းနားဆိုင်ကိုပြောင်းဖို့ ဒယ်ဒီကိုလာပြောတာ

ဘာလဲ မင်းကောင်မလေးကို စိတ်မချလို့ဟုတ်လား

မေးနေစရာလိုသေးလို့လား ဒယ်ဒီ

မယားတိုက်ရူးကောင်
မင်းတစ်ချိန်ဆက်ခံရမယ့်လုပ်ငန်းစုပဲ မင်းကောင်းမယ်ထင်သလိုစီမံလို့ရတယ်

no no မလိုဘူး ဒယ်ဒီ
ဒယ်ဒီ လုပ်ငန်းတွေကျွန်တော် ဆက်ခံမယ်မပြောမိဘူးနော်
ကျွန်တော့်လည်း ကျွန်တော်လုပ်ငန်းနဲ့ကျွန်တော်ရှိနေပြီ

သူတောင်းစားလေး ငါတို့မိဘနှစ်ယောက်ရဲ့ အမွေတွေ မင်းမယူတော့ ဘယ်သူ့ကိုသွားပေးရမှာ

စိတ်မလောပါနဲ့အုံး ဒယ်ဒီရယ်
ကျွန်တော့်ထက် ချစ်ရမယ့်သူ ဒယ်ဒီနဲ့မာမီမှာရှိလာအုံးမှာလေ
အဲ့ဒီအတွက် ဒယ်ဒီနဲ့ မာမီရဲ့အမွေတွေ သိမ်းထားပါအုံးလို့

My Everything 💙 (Complete)Место, где живут истории. Откройте их для себя