My Everything ~ Part 24

12.6K 125 0
                                        

Unicode

🐿 ဘဝရဲ့ .........
မွေးဖွားလာခဲ့ခြင်းက သူမလေး အတွက်သာဖြစ်လိမ့်မည်🐿
🐿 မနက်ခင်းတိုင်းရဲ့ အသက်ဆက်ရှင်သန်နေရမှုအတွက်
လောကကြီးကို ကျေးဇူးတင်အုံးမည်
🐿 သူမလေးကို ပိုင်ဆိုင်ခွင့်ရပြီတဲ့ အိပ်မက်များလား
                  စိတ်ကူးရင် ပုံရိပ်သက်သက်လား
                                                                 @TanKoeShin

ဖြူလေးမွေးနေ့လေးမှာတော့
မနက်ပိုင်းစောစော
ရပ်ကွက် ဘုန်းကြီးကျောင်းမှာ
သံဃာတော်များကို အာရုံစွမ်း
ဆက်ကပ်လှူဒါန်းခဲ့သည်
မနက်၉နာရီမှာတော့ မိဘမဲ့ဂေဟာနဲ့
ဘိုးဘွားရိပ်သာမှာ အဟာရကျွေးအလှူပြုခဲ့သည်
ဖြူလေးဆိုင်က ဝန်ထမ်းတွေနှင့်
ဆိုင်မှာစျေးဝယ်ယူသည့် customer များအတွက်တော့
ရေညှိထမင်းလိပ် တစ်ဖာစီနှင့် ဖျော်ရည်များလှူဖြစ်သည်
အရင်လုပ်ခဲ့သည့် ကမ်းနားဆိုင်လေးမှာတော့
နေ့လည် မုန့်ဟင်းခါး အလှူပြုခဲ့သည်

တစ်နေကုန်ပင်ပန်းသွားပေမယ့်
အလှူပြုမှုက ညနေ ၃နာရီလောက်မှာ
အားလုံးပြီးစီးသွား၍
ကိုကိုလည်း အလုပ်ရှိတယ်ဆိုပြီး
ရုံးကိုပြန်သွားသည်
ဖြူလေးကတော့ ဆိုင်မှာပင်

လဲ့ရေ ညနေ ဆိုင်ပိတ်ရင်
နင်နဲ့ထက်မြတ်ကို
မာလာမောက်ချိုက် လိုက်ဝယ်ကြွေးမယ်
ငါထက်မြတ်ကိုတော့ စာပို့ထားပြီးပြီ
ဒီနေ့ ဆိုင် ၅နာရီခွဲလောက်သိမ်းမယ်နော်

အေး အေး
ဖြူလေးရေ

ဆိုင်သိမ်းပြီး ထက်မြတ်ဆီက
ဖုန်းဝင်လာသည်
ဖြူလေးရေ ငါဒီနေ့
နေသိမ့်မကောင်းလို့
လိုက်လို့အဆင်ပြေမှာ မဟုတ်ဘူး
စိတ်မဆိုးနဲ့နော်

အေး
ရတယ် ထက်မြတ်ရယ်
နင် ခုရော သက်သာရဲ့လား
အဆောင်ပြန်ပြီး သေချာ
အနားယူလိုက်အုံးနော်

ဘာတဲ့လဲ ဖြူလေး

ထက်မြတ်
နေသိမ့်မကောင်းလို့
မလိုက်ဖြစ်တော့ဘူးတဲ့

အင်း အဲ့ဒါဆို
တို့နှစ်ယောက်ထဲသွားကြမယ်လေ
ဒါနဲ့ ကိုတန်ခိုးရော မလိုက်ဘူးလား

အေး ငါမမေးရသေးဘူး
ဖုန်းဆက်ကြည့်လိုက်အုံးမယ်

ဖြူလေး ကို့ကို့ဖုန်းကိုဆက်တာ
၅ ​ခါမကတော့ပေ
ဟလို ဟလို

My Everything 💙 (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ