My Everything Part - 4

12K 160 0
                                        

ဒေါက်တာ ကျွန်တော့် ခလေးခြေထောက်ကို တတ်နိုင်သမျှ ညှင်ညှင်သာသာလေးနဲ့ အကောင်းဆုံးဖြစ်အောင်ကုပေးပါနော်

ငါ့ကို ရိုရိုသေသေနဲ့ မပြောစဖူး ဒေါက်တာတွေဘာတွေခေါ်ပြီးပြောလို့ပါလား ဦးဘုန်းတန်ခိုးရှင်

ဟာဗျာ ကိုနေ ကျွန်တော်တရိုတသေ ဆက်ဆံလို့မပြောင်လာနဲ့နော်

ဟျောင့် ခလေး ခလေးနဲ့ မင်းကိုယ်မင်း တော်တော်ဟုတ်နေပြီပေါ့
ငါ အန်ကယ်နဲ့ အန်တီကို တိုင်ပြောအုံးမှာ

တိုင် ဗျာ လောလောဆယ် ကျွန်တော့်ခလေးလေး သက်သာဖို့အရေးကြီးတယ်
ကျွန်တော့်ထက် ၁၀နှစ်ကြီးတဲ့ ဝမ်းကွဲအကိုဖြစ်နေလို့နော်
မဟုတ်လို့ကတော့ ကျွန်တော့်ဆေးရုံမှာ ဆက်လုပ်လို့ရမယ်မထင်နဲ့

အမလေးလေး ကြောက်ပါတယ်ဗျာ ကြောက်နေရပါတယ်
ဟော်ဒီကလေပေါလေး ဘုန်းတန်ခိုးရှင် ကို

ကိုနေမင်းသစ် ကျွန်တော့်ထက်လူ့လောက ကို ၁၀နှစ်ကြိုရောက်နေတယ်ဆိုပြီး ကျွန်တော့်ကို ကလေးလိုလို ခွေးလိုလို လာမဆက်ဆံနဲ့ ကျွန်တော့်က သနားလို့ ၁၀နှစ်ကြောထားပေးတာကိုများ
ကိုနေတုန်းက ၁၀တန်းကို ၆ဘာသာဂုဏ်ထူး top3 နော်

ဘာလည်း မင်းကငါ့ကို ၁၀နှစ်ကြောထားပေးတယ်ဆိုတော့
မင်းက top1 ရအောင်လုပ်ဖို့လား
မင်း top1 ရရင်ကွာ မင်းကိုတွေ့တဲ့အချိန်တိုင်းမှာ အကို၁ လို့ခေါ်မယ်ကွာ

ကိုယ့်စကားနဲ့ကိုယ်နော် ကိုနေ

ဘုန်းတန်ခိုးရှင် တစ်ယောက်အပီအပြင်တင်းနေတာပင်
သူ့ခလေးလေးရှေ့မှာ သူ့ကို ခလေးလိုဆက်ဆံတဲ့ဘယ်သူ့ကိုမဆိုပါ

ကိုနေ လေပေါနေတာရပ်ပြီး ပတ်တီးကိုသေချာစည်းပေးလို့ရမလား
ဟိုမှာ ကျွန်တော့်ခလေး မျက်နှာမဲ့နေပြီဗျ

ဟျောင့်ရ နာနေတဲ့နေရာကို ပတ်တီးစည်းမှတော့ နည်းနည်းတော့နာမှာပေါ့ကွ

မလိုချင်ဘူး
ဆရာဝန်တစ်ယောက်ရဲ့ ကျွမ်းကျင်မှုက လူနာရဲ့မျက်နှာအမူအရာပဲ

မင်းကိုဘယ်သူပြောလဲ

ဘုန်းတန်ခိုးရှင် ဆိုတဲ့ကျွန်တော် ကိုယ်တိုင်ပဲပြောတာ

My Everything 💙 (Complete)Where stories live. Discover now