201

2.4K 537 18
                                    

Unicode

ယဲ့ရှောင်ဟန်ခမျာ လက်ရှိခံစားချက်ကို မဖော်ပြတတ်တော့ချေ။ သက်ရောက်မှုကား အလွန်ပြင်းထန်လှ၏။ သူ၏ ခန္ဓာကိုယ်ကြောင့်လား၊ သူ့အရှေ့မှ မြင်ကွင်းကြောင့်လား၊ နားမလည်သော်လည်း ဖြစ်ပျက်နေသမျှ အရာအားလုံးက သူ့အား ထိန်းချုပ်နိုင်စွမ်းမဲ့လာအောင် တွန်းပို့နေတော့သည်။

ကမ္ဘာ့အဆန်းပြားဆုံးအရာပင် ဤကိစ္စနှင့်ယှဉ်လိုက်လျှင် ဘာမှမထူးခြားတော့သလို ထင်မြင်လာမိသည်အထိ။

ပိုဆိုးသည်က ခြူးမုယွင်၏ လက်ရှိပုံစံကို သူ တစ်ခါမှ မမြင်ခဲ့ဖူးသလို တွေးပင်မတွေးကြည့်ခဲ့ဖူးပေ။

ထိုအမျိုးသားသည် သူ့အား နောက်ကျောပေးကာ ဆင်ခြေလျောသဖွယ် အရှေ့သို့ ကိုင်းညွှတ်ထား၏။ အနှီကိုယ်နေဟန်ထားနှင့် ခါးကော့ထားဟန်က ဆွဲဆောင်မှုရှိလွန်းစွာ၊ မှင်ရည်နက်နက် ဆံနွယ်ရှည်များသည် ဘေးတစ်ဖက်တစ်ချက်စီသို့ ဝဲဖြာကျလျက် ပိန်ပါးချောမွေ့သော ပခုံးသားများကို ပေါ်လွင်စေ၏။ မြင်ရသူတိုင်း ပခုံးသားများကို မဆုပ်ကိုင်ဘဲ မနေနိုင်အောင်ပင်။ အဘယ်ကြောင့်ဆိုသော် ထိုပခုံးနှစ်ဖက်ကို ဆွဲဖိထားနိုင်သ၍ အနက်ရှိုင်းဆုံး နေရာအထိ တိုးဝင်နိုင်ပြီး ရူးသွပ်လောက်အောင် ခံစားလို့ကောင်းလာမည်မှန်း သိနေသောကြောင့်ပင်။

မဟုတ်ဘူး.. သူ ဆက်မလုပ်သင့်ဘူး..!

ယဲ့ရှောင်ဟန်၏စိတ်ထဲ ရုတ်တရက် အသိပြန်ကပ်သွားသည်။

သူ ဟိုမိစ္ဆာကောင်ကို မုန်းတယ်။ အဲ့လူက ‘အားမု’ကို အတင်းအကျပ် ဖိအားပေးနေတာ။ သူလည်း အဲ့မကောင်းဆိုးဝါးကောင်လိုမျိုး ဖြစ်သွားလို့မရဘူး။ သူ အဲ့လိုကိစ္စတွေ မလုပ်နိုင်ဘူး..!

သူ ရပ်လိုက်သင့်…….

သူ ရပ်လိုက်သောကြောင့်ထင့်၊ ခြူးမုယွင်သည် အတော်လေး နေရခက်နေဟန်ဖြင့် ခပ်တိုးတိုးလေး ညည်းလာသည်။

“မြန်မြန်… မြန်မြန်လေး…”

ခပ်တိုးတိုးညည်းတွားသံက ဗုံးတစ်လုံး ဖောက်ခွင်းလိုက်သည့်နှယ်။ ယဲ့ရှောင်ဟန်၏ စိတ်ထဲမှ အသိစိတ်နှင့် ဆင်ခြင်တုံတရား အားလုံး လွင့်စင်သွားကာ အစအနပင် မကျန်ခဲ့တော့ချေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now