247

2.3K 506 7
                                    

Unicode

ခြူးမုယွင်မှာ Zero လေး ဘာပြောနေမှန်း သဲသဲကွဲကွဲ မကြားလိုက်ရပေ။

ပြန်လည်အသက်ရှင်လာသည့် အချိန်တိုင်း ခံရခက်သော်ငြား ဤတစ်ကြိမ်လောက် မသက်မသာ မခံစားရဖူးပေ။

နာကျင်လွန်း၍ မဟုတ်ပါဘဲ တစ်ကိုယ်လုံး တစ်စစီဖြစ်သွားပြီးမှ တစ်ခုချင်း ပြန်ဆက်နေသည့်အလား အလွန်နေရခက်သောကြောင့် ဖြစ်၏။ သေလိုက်ရှင်လိုက် ဖြစ်နေခဲ့ပြီးနောက် ခြူးမုယွင်သည် အတင်းဖိသိပ်တွန်းထည့်ပြီး အသက်ရှင်စေသည့် အခြေအနေမျိုး ကြုံတွေ့လိုက်ရသည်။

ထိုသို့ မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ရပြီး‌နောက် ယင်းအခြေအနေနှင့် တဖြည်းဖြည်း အသားကျလာတော့သည်။

သူက မေးသည်။ : “Zero .. ဘာဖြစ်တာလဲ..?”

Zero လေးက ပြန်ဖြေသည်။ : “အင်း.. Host ခန္ဓာကိုယ်ပြောင်းသွားတာ.. ဒါပေမဲ့ ကျွန်တော် ဘာမှမလုပ်မိဘူးနော်..”

ခြူးမုယွင် အသံတိတ်သွားသည်။

ခန္ဓာကိုယ်ပြောင်းတယ်… ဆိုတော့ သူသေသွားတာလား..? သူ ဘယ်လိုသေသွားတာလဲ..?

ဒီခန္ဓာကိုယ်က Zero လေး ရွေးချယ်ပေးတဲ့ ခန္ဓာကိုယ်မဟုတ်ဘူးဆိုတော့…

ခြူးမုယွင်က အသက်ပြင်းပြင်းရှူကာ သူ၏ ဦးနှောက်ကို အနားပေးရင်း သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ သို့သော် ဇီးပန်းရောင်ဝါတောင်ပေါ်မှ အခြေအနေကို ပြန်တွေးမိတိုင်း စိတ်မတည်ငြိမ်နိုင်တော့ပေ။

ရန်ချန်းသည် ‘မဟူရာည’ကိုသာ ဝါးမြိုခဲ့ခြင်းမဟုတ်၊ ‘အသက်တံခါး’ကိုလည်း ဝါးမြိုပစ်ခဲ့သည်။

သို့ဖြစ်၍ ရန်ချန်း တစ်ချိန်လုံး နာမကျန်းဖြစ်နေသည်မှာ မထူးဆန်းတော့ပါချေ။ ခြူးမုယွင်၏ စိတ်ထဲတွင် ရန်ချန်းက ‘မဟူရာည’နှင့် ပေါင်းစည်းရခက်နေသောကြောင့် ဝိဉာဉ်ပုံသွင်းမြက်အမြောက်အမြား လိုအပ်နေခြင်းဟုသာ ထင်မှတ်ခဲ့လေ၏။ သို့သော် ယခုတော့ ဆက်စပ်တွေးလာမိသည်။ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပြီး အလွန်များပြားသော ဝိဉာဉ်ပုံသွင်းမြက်များနှင့် ရန်ချန်း၏ ပင်ကိုပါရမီကို ထည့်တွက်လိုက်လျှင် ‘မဟူရာည’နှင့် မပေါင်းစည်းနိုင်စရာ အဘယ်ရှိမည်နည်း။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now