Unicode
အဲ့တော့ အမှားလုပ်ခဲ့တဲ့လူက ဘယ်သူလဲ..? ခြူးမုယွင်လား၊ ရန်ချန်းလား။
ခြူးမုယွင်ကတော့ အရှေ့ကတစ်ယောက်ဟု ထင်သည်။ ရန်ချန်းဟူသည် အမှားအတွက် ခွင့်လွှတ်မှုကို တောင်းခံတတ်သော လူစားမျိုးမဟုတ်ပါချေ။
ထို့ကြောင့် ရန်ချန်းက သူ့အား အရိပ်အမြွက်ပြောနေခြင်းသာ ဖြစ်လိမ့်မည်။
သူ အမှားလုပ်ခဲ့တာ… ဟားဟား.. ရန်ချန်းရဲ့ အမြင်မှာတော့ သူက အပြစ်ကြီးတစ်ခုကို လုပ်ခဲ့မိတာပဲ..!
ခြူးမုယွင်က တစ်ခဏတွေးကြည့်ပြီးနောက် သိမ်မွေ့စွာ ပြန်ဖြေလိုက်သည်။ : “လုပ်ခဲ့တဲ့အမှားပေါ်လည်း မူတည်နေပါတယ်.. တကယ်ဆိုးရွားပြီး ကြောက်စရာကောင်းတဲ့ အမှားမျိုး လုပ်ခဲ့တာဆိုရင်တော့ ခွင့်မလွှတ်သင့်ဘူး..”
ထိုအဖြေကို ရန်ယွင်၏ ရှုထောင့်မှနေ၍ ဖြေကြားလိုက်ခြင်းပင်။ အဖြေက ထူးထူးခြားခြားမဟုတ်ဘဲ သာမာန်ဆန်လှသည်။
ရန်ချန်း၏ မျက်ဝန်းများ အတန်ငယ် အရောင်ရင့်သွားပြီး နှုတ်ခမ်းထောင့်များ ကော့တက်လာ၏။ ထိုအပြုံးထဲ၌ အဓိပ္ပါယ်တစ်ခုခု ရှိနေမလား ပြောရခက်ပေသည်။ ထို့နောက် ဘာမှထပ်မပြောခဲ့ပေ။ ရေကန်ထဲမှ မတ်တပ်ရပ်ကာ နီလာလှေကားအတိုင်း အပေါ်သို့ တက်လာသည်။
ခြူးမုယွင်က မော့မကြည့်ရဲခဲ့ပေ။
ရန်ချန်းက သူ့အရှေ့တွင် မတ်တပ်ရပ်ကာ.. : “ငါ့ကို အင်္ကျီကူဝတ်ပေး..”
ခြူးမုယွင်သည် တဒင်္ဂနှုတ်ဆိတ်နေပြီးမှ ပြန်ဖြေလိုက်မိသည်။ : “ဟုတ်ကဲ့..”
ရန်ချန်းသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပါသော်ငြား အတွင်းဒဏ်ရာဖြစ်သောကြောင့် ခန္ဓာကိုယ်ပေါ်တွင် မည်သည့် အရိပ်အယောင်မျှ ပေါ်လွင်ခြင်းမရှိပေ။ ရေကန်ထဲမှ တက်လှသဖြင့် ဖြူဆွတ်သော အသားအရေက ပြတင်းပေါက်အပြင်ဘက်တွင် မနက်ခင်းနေရောင်ခြည်အောက် နှင်းရည်စက်တို့ဖြင့် စိုစွတ်နေသော ကျောက်စိမ်းတစ်ပါးနှယ် တောက်ပလို့နေသည်။ ထိုနည်းတူ သလင်းကျောက်သဖွယ် ကြည်လင်ရှင်းသန့်ပြီး အပြစ်အနာအဆာဟူ၍ စိုးစဉ်းမျှမရှိပေ။
YOU ARE READING
အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]
Fantasyအမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခဲ့တယ်၊ ကိုယ်ကလည်း မင်းကို ခုနစ်ကြိမ် ကတိပေးခဲ့တယ် . . . ကိုယ်တို့ လက်ထပ်ကြရအောင်..!'' ................................ အမ်ိဳးသားခုနစ္ေယာက္ကိ...