237

2.4K 510 28
                                    

Unicode

ရန်ချန်းငယ်လေးသည် အရိပ်အကဲ သိတတ်နားလည်၏။ ခြူးမုယွင် စိတ်မကြည်တော့မှန်း သတိထားမိလိုက်သည်နှင့် ကပျာကယာ ပြောလာသည်။

“ကျွန်တော် နားလည်ပါတယ်.. အားလုံး နားလည်ပါတယ်..”

သို့သော် ထိုသို့ပြောလိုက်ခြင်းက သူ လိမ်ညာမိတာကို ဝန်ခံလိုက်သလိုပင်။ မည်သို့ဆိုစေ သူက အလေးထားအပ်သော ပုဂ္ဂိုလ်နှင့် မျက်နှာချင်းဆိုင် စကားပြောနေရသော ကလေးငယ်လေးသာ မဟုတ်ပါလား။ သို့ဖြစ်ရာ ယခုလို စိတ်အားထက်သန်နေသော အခြေအနေမျိုးတွင် စကားအမှားများ ပါသွားတော့သည်။

ခြူးမုယွင်က သူ့ကို အိမ်စာအများကြီးပေးကာ လှည့်ထွက်သွားသည်။

ရန်ချန်းငယ်လေးသည် အတုန်တုန်အယင်ယင်ဖြင့် အော်ပြောလိုက်၏။

“ဆ… ဆရာ… နေ…..”

“မရဘူး..” ခြူးမုယွင်က အေးတိအေးစက် လှည့်ကြည့်ကာ.. “မင်း ဘယ်သူ့ကိုမှ မလိုအပ်ဘူး.. မင်းလုပ်ရမှာက မင်းကိုယ်မင်း သန်မာလာအောင် လေ့ကျင့်ဖို့ပဲ..”

ရန်ချန်းက လက်မခံနိုင်ဘဲ အမောတကော ပြောလာသည်။

“ကျွန်တော် ဒီထက်သန်မာလာအောင် ကောင်းကောင်း လေ့ကျင့်မှာပါ.. အဲ့တာကြောင့်လေ.. ခဏလေးပဲ နေပေးလို့မရဘူးလား.. ခဏလေးပဲလေ….”

ခခယယ တောင်းဆိုနေဟန်က ကလေးငယ်တစ်ဦး၏ သနားချင့်စဖွယ် စိတ်နှလုံးသားကို ပေါ်လွင်လာစေခဲ့သည်။ သူ သူ့ကို လွမ်းသည်။ မြင်ချင်သည်။ သူ့ကို မြင်လိုက်ရရုံဖြင့် ပျော်ရွှင်ကြည်နူးနေမိသည်။ သူ ထွက်သွားတိုင်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ လမ်းပျောက်ခဲ့ရသည်။ သူ့ထံမှ နွေးထွေးမှုလေးကိုသာ မျှော်လင့်နေမိပြီး တစ်မိနစ်၊ တစ်စက္ကန့်လေးဖြစ်ဖြစ် ပိုင်ဆိုင်ခွင့်ရနိုင်မလား စိတ်ကူးယဉ်ခဲ့ရသည်။

ခြူးမုယွင်က သူ့ကို လှည့်ကြည့်လိုက်သည်။ မျက်ခုံးတန်းနှစ်ခုကြားမှ အေးစက်မှုများသည် ရေခဲတောင်ပေါ်မှ နှစ်သောင်းချီ တည်ရှိလာသော ရေခဲစိုင်ကြီးကဲ့သို့။ ကလေးငယ်၏ တောင်းဆိုမှုကြောင့် စိတ်မပျော့သွားသည့်အပြင် ဤသို့ ရက်စက်ကြမ်းတမ်းသည့် စကားလုံးမျိုးပင် ပြောလိုက်သေးသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now