Unicode
လင်းရွှမ်မှာ အတန်ငယ် အံ့အားသင့်သွားသော်ငြား ချက်ချင်း အသိပြန်ဝင်လာပြီး စိတ်အားထက်သန်စွာဖြင့် အနမ်းကို ပြန်လည်တုံ့ပြန်ခဲ့သည်။
နှစ်ယောက်သား အမောတကောဖြင့် လူချင်းပြန်ခွာလိုက်ချိန် ခြူးမုယွင်လည်း စိတ်တည်ငြိမ်သွားချေပြီ။
လင်းရွှမ်က ခြူးမုယွင်ကို ထွေးပွေ့လိုက်၏။ သူ၏ အသက်ငွေ့နွေးနွေးက တစ်ဖက်လူ၏ နားရွယ်ဖျားဝယ် ရစ်ဝဲနေပြီး သူ၏အသံက အလွန်တရာ ညို့ဓာတ်ပြင်းနေတော့သည်။ : “အားမု.. ကိုယ် မင်းရဲ့ဘဝလက်တွဲဖော်ဖြစ်ဖို့ ဆန္ဒရှိပါတယ်..”
ခြူးမုယွင် အံ့အားသင့်သွားသည်။
လင်းရွှမ်က ဆံပင်သပ်ပေးရင်း နွေးထွေးစွာ ဆိုသည်။ “ဘယ်ဘဝပဲရောက်ရောက် မင်းလိုအပ်နေသရွေ့ ကိုယ် မင်းရဲ့အနားမှာ အမြဲရှိနေပေးမှာပါ..”
ခြူးမုယွင်က ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ရင်း သူ့ကို မော့ကြည့်ကာ.. : “မင်း အကုန်လုံးပြန်မှတ်မိသွားပြီလား..?”
လင်းရွှမ်က ခေါင်းမရှောင်ဘဲ အမှန်အတိုင်း ပြန်ဖြေသည်။ : “အင်း..”
“ယဲ့ကျန့်ဟန် ပြောပြတာလား..?”
လင်းရွှမ်၏ မျက်ဝန်းအိမ်ထဲတွင် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ပြန်ဖြေခဲ့သည်။ : “သူ ကိုယ့်ကို ဘာမှမဖုံးကွယ်နိုင်ပါဘူး..”
“ဘာကိုပြောချင်တာလဲ..?” ထိုသို့မေးပြီးကာမှ ခြူးမုယွင်လည်း အဖြေကို နားလည်သွားသည်။
ယဲ့ကျန့်ဟန်သည် မှတ်ဉာဏ်အပြည့်ပါသော လင်းရွှမ်၏ ဝိဉာဉ်အပိုင်းအစကို သူ၏ခန္ဓာကိုယ်ပေါ်တွင် တစ်လျှောက်လုံး သယ်ဆောင်ထား၏။ ထို့အပြင် ထိုဝိဉာဉ်ငယ်ကို လုံးဝမချုပ်နှောင်ထားပေ။ သို့ဖြစ်ရာ လင်းရွှမ်သည် ယဲ့ကျန့်ဟန်မြင်သမျှကို မြင်နေရသည်။ ယဲ့ကျန့်ဟန် သိထားသမျှကို သူလည်း သိထားသည်။
ခြူးမုယွင်က ဘာမှဆက်မပြောခဲ့ပေ။ သို့သော် လင်းရွှမ်က အပြုံးလေးဖြင့် ပြောလာသည်။ : “မြန်မြန် သဘောတူတော့လေ.. ကိုယ့်ရဲ့လက်ထပ်ခွင့် လိုနေသေးတယ်မလား..?”
YOU ARE READING
အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]
Fantasyအမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခဲ့တယ်၊ ကိုယ်ကလည်း မင်းကို ခုနစ်ကြိမ် ကတိပေးခဲ့တယ် . . . ကိုယ်တို့ လက်ထပ်ကြရအောင်..!'' ................................ အမ်ိဳးသားခုနစ္ေယာက္ကိ...