233

2.3K 492 11
                                    

Unicode

ရန်ချန်းသည် ခြူးမုယွင်ကို ကျောပေးထားလေ၏။ ရုတ်တရက် ထောက်မှီလိုက်သည့် သူ၏အရှိန်က ပြင်းထန်လွန်းသဖြင့် သစ်ပင်တစ်ခုလုံး ယမ်းခါသွားပြီး ဇီးပန်းပွင့်များ ကြွေကျလာခဲ့သည်။ အနှီဇီးပန်းပွင့်များဟာ သားမွေးကော်လာပေါ်တွင် ကပ်ငြိနေပြီး ရန်ချန်း၏ ဖြူဖတ်ဖြူရော် မျက်နှာကို ပိုမိုဆွဲဆောင်မှုပြင်းလာစေသည်။

ခြူးမုယွင်မှာ အနည်းငယ် ရင်ခုန်မြန်လာသဖြင့် ကမန်းကတန်း မျက်လွှာချလိုက်သည်။

သူ၏စိတ်ထဲတွင် တစ်ခုခုမူမမှန်သလို ခံစားနေရပြီး ရန်ချန်း၏ အပြုအမူက ပုံမှန်နှင့်မတူသလိုပင်။

ထိုအမျိုးသားသည် ပင်ကိုဗီဇအရ ကိုယ်ကိုယ့်ကို ယုံကြည်မှုနည်းပါးပြီး ကြောက်စရာကောင်းအောင် သဝန်တိုတတ်၏။ နားလည်ရခက်အောင် ပိုင်ဆိုင်လိုစိတ်ပြင်းသည်။ ထိုနည်းတူ ထောင်လွှားမောက်မာပြီး အရေးကြီးတာတစ်ခုခု ဆုံးရှုံးလိုက်ရလျှင်ပင်၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားလျှင်ပင်၊ ယခုလိုမျိုး ပြီးပြည့်စုံသည့် သူ၏ပုံရိပ်ကို ပျက်စီးခံမည်မဟုတ်ပေ။

ရန်ချန်းလည်း ရှန်ယွင်အကြောင်း သိနေတာများလား..?

ခြူးမုယွင်တစ်ယောက် ရုတ်ချည်း သတိကပ်သွားသည်။

သို့သော် ရန်ချန်းက ဘာမှမလုပ်ခဲ့ပေ။ သစ်ပင်ကို အားပြုကာ သက်ပြင်းချရင်း ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်သည်။

သူက ခြူးမုယွင်အား မမြင်နိုင်သည့် ဖြစ်တည်မှုသဖွယ် သတ်မှတ်ထားပုံရ၏။ လုံးဝလှည့်မကြည့်ခဲ့ပေ။ သည်အတိုင်းလေး အရှေ့ကိုသာ ငေးမောကြည့်နေပြီး ခရမ်းရင့်ရင့် မျက်ဝန်းများဟာ အလင်းမပြန်နိုင်အောင် မှေးမှိန်နေခဲ့သည်။ အသံတိတ် ငေးမောနေဟန်က မြင်ရသူတိုင်းကို စိတ်မသက်မသာ ခံစားရစေသည်။

ခြူးမုယွင်က အချိန်ကိုကြည့်ကာ ခပ်တိုးတိုးလေး အသံပြုတော့မည်အလုပ် ရန်ချန်းက ရုတ်တရက် လှည့်ကြည့်လာသည်။

“ဒီနေ့ကစပြီး မင်းနာမည်က ရန်ယွင်ပဲ..”

(TN : ရန်ချန်းရဲ့ ‘ရန်’နဲ့ ခြူးမုယွင်ရဲ့ ‘ယွင်’)

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now