Unicode
ဤကား တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါချေ။ သူတို့အားလုံး ဤနေရာသို့ အတူတူရောက်လာခြင်းက တိကျမှန်ကန်သော အကြောင်းပြချက်များဖြင့် ကျိုးကြောင်းဆီလျော်မှု ရှိနေသည်။
ဇီးပန်းရောင်ဝါတောင်ပေါ်မှ ခြူးမုယွင် ပျောက်ကွယ်သွားချိန် ထိုနေရာတွင် ကျန်ရစ်ခဲ့သူတိုင်း မတူညီသော အတွေးကိုယ်စီဖြင့် ငြိမ်ကျသွားပြီး ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို အသံတိတ် တွေးတောခဲ့ကြသည်။
ဇီးပန်းပွဲတော်သို့ ရောက်မလာသည့် တစ်စုံတစ်ယောက်၏ လက်ချက်ဆိုတာ သံသယဝင်ရန်မလို။
သို့သော် ရန်ချန်း ဒေါသထွက်သွားသဖြင့် ‘အသက်တံခါး’က မတည်မငြိမ် ဖြစ်လာခဲ့သည်။ ယဲ့ကျန့်ဟန်က ‘အသက်တံခါး’ကို ပြန်လည်ဖိနှိပ်နိုင်အောင် ကူညီပေးခဲ့သော်လည်း သူကိုယ်တိုင်က ‘အသက်တံခါး’ထဲ စုပ်ယူခံလိုက်ရသည်။ ထိုကိစ္စဖြစ်ပျက်သွားပြီးနောက် လူတိုင်း အတွေးမများဘဲ မနေနိုင်တော့ပေ။
အားလုံးစိတ်တည်ငြိမ်လာချိန်တွင် ရှဲ့ချင်းလန်နှင့် မှတ်ဉာဏ်ပြန်ရသွားသော လင်းရွှမ်က ထွက်သွားလေ၏။ သူတို့နှစ်ဦးက လူတစ်ယောက်ကို သွားရှာရန် ဝါးဆစ်တောအုပ်သို့ ဦးတည်လိုက်ကြသည်။
သို့သော် ကျန်ရစ်ခဲ့သည့် ‘အိုနာကျိုးကန်း’အဖွဲ့က အားကုန်မခံတော့ပေ။
ပုံမှန်ဆိုလျှင် ရှန်ရွှိန်ယန်းနှင့် မော့ကျိုးရှောင်သည် ဖှုန်ခါပြီး အင်အားပြန်မွေးရန် အိမ်ပြန်သွားကြမည်ပင်။ သို့သော် ဤတစ်ကြိမ်တော့ နှစ်ယောက်လုံး အိမ်မပြန်ဘဲ ဇီးပန်းရောင်ဝါတောင်ပေါ်တွင် ပေကပ်နေကြသည်။ အသတ်ခံရလျှင်ပင် ထွက်မသွားနိုင်သလို ပြုမူနေကြလေသည်။
သူတို့အားလုံး လင်းရွှမ်အကြောင်း ကောင်းကောင်းသိထားသည်။ မှတ်ဉာဏ်မရှိချိန်တွင် ခွေးရူးတစ်ကောင်လို ဖြစ်နေသော်လည်း အရာအားလုံး ပြန်သတိရသွားသည်နှင့် သစ္စာရှိခွေးတစ်ကောင်လို ချက်ချင်း ပြန်ဖြစ်သွားလိမ့်မည်။ ခြူးမုယွင်က နည်းနည်းလေး ပြန်ချော့လိုက်သည်နှင့် လက်ထပ်ခွင့် အောင်မြင်သွားပေလိမ့်မည်။
YOU ARE READING
အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]
Fantasyအမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခဲ့တယ်၊ ကိုယ်ကလည်း မင်းကို ခုနစ်ကြိမ် ကတိပေးခဲ့တယ် . . . ကိုယ်တို့ လက်ထပ်ကြရအောင်..!'' ................................ အမ်ိဳးသားခုနစ္ေယာက္ကိ...