278

2.4K 370 14
                                    

Unicode

ခြူးမုယွင်က လုံးလုံးလျစ်လျူရှုထားခြင်းမဟုတ်။ မည်သို့ဆိုစေ သူလည်း ဤကမ္ဘာမြေကို တစ်စစီ မပေါက်ကွဲစေချင်ပါ။

သို့နှင့် လင်းရွှမ်ဘက်လှည့်ကာ ခပ်တိုးတိုးလေး ပြောသည်။ : “မူလကမ္ဘာကို ပြန်ရောက်ရင် မင်းနဲ့ တစ်ပွဲလောက် တိုက်ခိုက်ပေးမယ်..”

ထိုစကားတစ်ခွန်းတည်းဖြင့် ဝံပုလွေပေါက်လေးသည် ချက်ချင်းဆိုသလို မောက်မာထောင်လွှားနေတာ ရပ်သွားပြီး အလွန်အမင်း လိမ္မာရေးခြား ရှိလာသည်။

ခြူးမုယွင်မှာ ခေါင်းမပုတ်ပေးမိအောင် မနည်းစိတ်ထိန်းထားရ၏။ သူက ဤကမ္ဘာမြေနှင့် မသက်ဆိုင်သော စူးရှထက်မြက်သည့် မျက်ဝန်းပိုင်ရှင်အမျိုးသားကို လှည့်ကြည့်ကာ.. : “ဒီဘက်ကလူကြီးမင်း အထင်လွဲနေပါပြီ.. မစ္စတာပိုင်နဲ့ ကျွန်တော်က ဒီအတိုင်း အိမ်နီးချင်းတွေပါ.. တစ်ခါလားပဲ တွေ့ဖူးတာမလို့ ဘာမှမပတ်သက်ဘူး..” ပြီးနောက် လင်းရွှမ်၏လက်ကို ဆုပ်ကိုင်ကာ ဆက်ပြောလိုက်သည်။ : “ဒါက ကျွန်တော့်ချစ်သူလေ.. သူက နည်းနည်းလေး စိတ်ဆက်လို့ ခင်ဗျားတို့နှစ်ယောက်ကို စော်ကားမိတာရှိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..”

သူ ထိုသို့ပြောလိုက်သည်နှင့် ပိုင်ယွဲ့ရှန်းကလည်း ဖြူစင်ရိုးသားကြောင်း မျက်လုံးလေးကလယ်ကလယ်ဖြင့် သရုပ်ဖော်လာသည်။

Jeremy က ခေါင်းအသာငုံ့ကာ ပိုင်ယွဲ့ရှန်း၏ တဖျက်ဖျက်လက်နေသော မျက်ဝန်းများကို ငုံ့ကြည့်လိုက်သည်။ နှလုံးအိမ်ထဲ သိမ့်ခနဲ  ဖြစ်သွား၍ ကပျာကယာ အကြည့်လွှဲလိုက်ရ၏။ ခြူးမုယွင်နှင့်လင်းရွှမ်ကို ပြန်လှည့်ကြည့်ချိန်မှာတော့ သူ၏အမူအရာက တည်ငြိမ်နေချေပြီ။ သူက ယဉ်ကျေးကာ စဉ်းစားဆင်ခြင်တတ်ပြီး အသံကလည်း သံလိုက်ဓာတ်သဖွယ် ညှို့ဓာတ်ပြင်းလှသည်။

“ကျုပ်ဘက်က စကားပြောအရင်လွန်တာမလို့ တောင်းပန်ပါတယ်..”

ကြည့်ရသည်မှာ ဤယောက်ျားသည် ဘယ်အချိန်မှာ ရှေ့တိုးပြီး ဘယ်အချိန်မှာ နောက်ဆုတ်သင့်ကြောင်း ကောင်းကောင်း သိတတ်သူပင်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now