252

2.3K 441 22
                                    

Unicode

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျွင်းမော့၏ ခန္ဓာကိုယ်က သိသိသာသာ တောင့်ခဲသွားခဲ့သည်။

ဝတ်လစ်စားလစ် အနေအထားဖြင့် တောင့်ခဲသွားသောအခါ ပြီးပြည့်စုံသည့် နောက်ပိုင်းအလှက ပိုမိုထင်ရှားလာပြီး ကျစ်လစ်မာကျောသော ကြွက်သားလိုင်းများက ပို၍ပင် ဆွဲဆောင်မှုရှိလာခဲ့သည်။

ခြူးမုယွင်၏ ပုံမှန်အကြိုက်သည် ဖြူဥနူးညံ့သော ရမ္မက်ကြွဖွယ် Shou အလှလေးပင်။ ချစ်စရာကောင်းသည့် မျက်နှာလေးဖြင့် အသံလေးက ချိုသာနေရမည်။ အိပ်ရာထဲ လူးလိမ့်ချင်လာအောင်၊ ချစ်ချင်လာအောင် စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်ရမည်။

သို့သော် ယခုမူ ကျွင်းမော့၏ ပိန်ပါးရှည်သွယ်သော်ငြား တောင့်တင်းသန်မာသော ခန္ဓာကိုယ်အချိုးအစားကို ကြည့်ရင်း သူ့အောက်မှာဖိထားနိုင်မည့် မြင်ကွင်းကို စိတ်ကူးယဉ်ကာ ရှက်စရာကောင်းအောင် မာလာခဲ့သည်။

ဆရာခြူးတစ်ယောက် စိတ်ပျံ့လွင့်နေသော်လည်း ကျွင်းမော့၏ တုံ့ပြန်မှုက သူ့ကို စိတ်လှုပ်ရှားသွားစေခဲ့သည်။

ကျွင်းမော့က သူ့ကို လှည့်ကြည့်ပြီး ပြစ်မျိုးမှဲ့မထင် အရှေ့ပိုင်းအလှကို လှစ်ဟပြလာကာ အပြုံးချိုချိုလေးဖြင့် ဆိုသည်။

“ရတယ်..”

ကြမ်းပြင်ပေါ်သို့ ဝဲဖြာကျနေသော ငွေမှင်ရောင်ဆံနွယ်များသည် ကြယ်ကျွေနေသည့်အလား တဖျတ်ဖျတ် တောက်ပနေပြီး ငွေရောင်ဖျော့ဖျော့ မျက်ဝန်းအစုံထဲတွင် သူ၏ပုံရိပ် ထင်ဟပ်နေသည်။ လှပလွန်းသော အသွင်အပြင်က မိုးကောင်းကင်ပေါ်မှ နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်နှယ် ထင်မှတ်ရသည်။

သောက်ကျိုးနည်း လှရက်လိုက်တာ..!

ခြူးမုယွင်မှာ သူ့ကို နမ်းချင်သော်လည်း အိပ်ရာပေါ်မှ ဆင်းလိုက်သည်နှင့် ယိုင်နဲ့သွားပြီး ပစ်လဲကျလုမတတ် ဖြစ်ခဲ့ရသည်။

ကျွင်းမော့က သူ့ကို လှမ်းဆွဲထားခဲ့သည်။

ခြူးမုယွင်တစ်ယောက် မတ်တပ်ပြန်ရပ်နိုင်မှသာ အသိစိတ်ပြန်ဝင်သွားတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now