266

2K 392 16
                                    

Unicode

ကမ္ဘာသစ်သို့ မသွားနိုင်လျှင် ထိုကမ္ဘာကို တည်ဆောက်ခဲ့ခြင်းက အဘယ်သို့ အဓိပ္ပါယ်ရှိပါဦးမည်နည်း။

ခြူးမုယွင်သည် နှစ်ပေါင်းနှစ်ထောင်နီးပါး အချိန်ပေး၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားကုန်ထုတ်ပြီး အနှီကြောက်မက်ဖွယ်ကောင်းသော ရှို့လော်နယ်မြေကို တည်ဆောက်ခဲ့သည်။

ကမ္ဘာအသစ်တွင် သူလိုချင်တာ ရနိုင်မလားဟူသည့် မျှော်လင့်ချက်လေးဖြင့် နောက်ဆုံးသောထွက်ပေါက်ကို အားကုန်သုံးကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် အပြီးသတ်နိုင်ခဲ့ခါမှ နတ်ဘုရား,မလိုအပ်သော ထိုကမ္ဘာအသစ်က သူ့ကို မကြိုဆိုကြောင်း ခြူးမုယွင် သိလိုက်ရဿည်။

နှစ်ပေါင်းများစွာကုန်လွန်ခဲ့ပြီးနောက် Zero လေးလည်း ခြူးမုယွင်၏ ရည်ရွယ်ချက်ကို ခပ်ရေးရေးလေး သိနေချေပြီ။ သူက ပွတ်သပ်တိုးဝှေ့ကာ မျက်လုံးကျယ်ကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး..

“ဘာဖြစ်လို့လဲဟင်..? အိမ်ဆောက်လို့မပြီးသေးဘူးလား..?”

သူ့အတွက်တော့ ကမ္ဘာအသစ်ဆောက်ခြင်းသည် အိမ်အသစ်ဆောက်ခြင်းပင် ဖြစ်၏။ သူတို့အားလုံး နေထိုင်နိုင်သည့် နေအိမ်အသစ်။

Zero လေးအတွက် လက်ရှိနေထိုင်သည့် တောင်ကြားက အလွန်ကောင်းပါသော်လည်း အိမ်အသစ်က ယခုထက် ပိုကြီးပြီး ပိုလှသည်၊ ပို၍လွတ်လပ်သည်ဟူ၍ အားယွင် ပြောခဲ့ဖူးသည်။ အဓိကအချက်ကား တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်တို့အားလုံး အပြင်ထွက်ပြီး သူနှင့် ဆော့ကစားနိုင်လိမ့်မည်။ ထို့ကြောင့် Zero လေးက အိမ်အသစ်ကို မျှော်လင့်နေခဲ့သည်။

ခြူးမုယွင်က သူ့ကို လှည့်ကြည့်လာသည်။ နှစ်ပေါင်းနှစ်ထောင် ကြာမြင့်ခဲ့ပြီးနောက် ဤသားရဲလေးသည် လူ့သက်တမ်းနှင့် ယှဉ်သော် အသက်ခုနစ်နှစ်၊ ရှစ်နှစ်ခန့် ဖြူဖြူစင်စင် ကလေးအရွယ်လေးသာ ရှိသေး၏။ သူနှင့် ဆော့ကစားခဲ့ဖူးသည့် ခြင်္သေ့ပေါက်၊ ကျားပေါက်၊ လင်းယုန်ပေါက်လေးများပင် အကြိမ်ကြိမ်အခါခါ သေဆုံးသွားချေပြီ။ သို့သော် သားရဲငယ်လေးကတော့ အချိန်ယန္တရားမှ ပစ်ပယ်ခံထားရသလို ဖြည်းဖြည်းချင်းသာ ကြီးပြင်းလာသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now