" အမယ်လေး ဟဲ့ ! မိချွဲဆိုအာ မျက်ကွင်းကပန်ဒါမျက်ကွင်း မီးရှို့ထားတာကြနေကော ဆံပင်ကလည်း မိုးကြိုးပြစ်ကေနဲ့ ဘယ်ကနေတိုးထွက်လာတာလဲ ! "အိပ်မှုန်စုံဝါးနဲ့ ခါတိုင်းလို ဧည့်ခန်းထဲဝင်လာတဲ့ ဆိုအာ့ကို အိမ်သူအိမ်သားတွေကဝိုင်းကြည့်နေစဉ် ဒေါ်လေးငယ်ရဲ့ အသံစူးစူးက သူမဆီ ..
အားရပါးရသန်းဝါးလိုက်ကာ မျက်လုံးစုံကိုတည်ငြိမ်အောင် ဖွင့်လိုက်မှ ခေါင်းထဲကြိမ်းခနဲ ။
အဘယ့်ကြောင့်မူကား ဧည့်ခန်းတွင်မိန့်မိန့်ကြီးထိုင်နေတဲ့ မင်ယွန်းဂီနဲ့ ကျန်တဲ့လူတွေကိုတွေ့ပြီးနောက်
ဟိုလူကြီး ရှိနေတယ် လေ ဆိုအာရားး အခုဒီပုံစံက ။?
မနက်စောစောစီးစီးတောင် သန့်ပြန့်တောက်ပနေတဲ့ သူ့ဝတ်စားထားပုံကတည်ကြည်နေလိုက်တာများ ..
ချွဲဆိုအာတို့များ ပန်းပွင့်ဘောင်းဘီနဲ့ လက်ရှည်ညဝတ်အကျီကို ပိုသီဖတ်သီဝတ်ထားသေး ..
တံတွေးမျိုချမိသည် ဒီလိုပုံစံကို အဲ့လူကြီးကိုမမြင်စေချင်တာတော့အမှန်ပဲ ။
ကိုယ့်အရှေ့ကမှန်မာပေါ်နေတဲ့ ပုံရိပ်ကိုတောင် လန့်သည် ..
မျက်ကွင်းက တကယ်ပင် ဒေါ်လေးငယ်ပြောသလို မည်းနက်နေသည်လေ ..ဆံပင်ကလည်း ကောက်ရိုးပင်မီးရှို့ထားသလို ။
" ညညဆို ဖုန်းတွေကိုအချိန်မတော်အထိ ကြည့်တယ် မိချွဲ ငါမပြောချင်ဘူးနော် သိလား "
ဒေါ်လေးငယ်ကအဲ့လိုပင် အမြဲ နားပူနားဆာလုပ်တတ်သည် ..
ဆိုအာရှက်တာပဲသိတော့သည် ဟိုလူကြီးက ဆိုအာ့ကိုကြည့်"ပြီး ပြုံးစိစိတစ်ချက်ဖြစ်သွားသည်မို့ ..
ရှက်ရှက်နဲ့ပင် ။
" ဒေါ်လေးကလည်း ဆိုအာ ညကဖုန်းမကြည့်ပါဘူး အိမ်စာလုပ်နေတာ သိလည်းမသိပဲနဲ့ ! "
" အော်မယ် အော်မယ်ကြည့်စမ်း နှုတ်ခမ်းတစ်ထော်ပန်းတနော်နဲ့ ပြောသွားတာများ ဒီကောင်မလေးအချိုးကိုမပြေဘူး ! အေး ဒီလ စာမေးပွဲအမှတ်မကောင်းလို့ကတော့ ! ညည်းတွေ့မယ် ! "
YOU ARE READING
DESSERT ||
Fanfictionချစ်လွန်းလို့ယူထားတဲ့ မင်းလေးကို ဘယ်ကောင်မှမော်မကြည့်ရဲအောင် ကိုယ်ကထားတာ / မင်ယွန်းဂီ / ဦးက အလုပ်တွေကလွဲရင် ဘာသိလို့လဲ .. အချစ်ဆိုတာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကော သိရဲ့လား အခုလိုအလုပ်ပုံထဲက ခေါင်းထွက်ချိန်တောင်မရပဲနဲ့ လူကိုဘာလို့များယူခဲ့သေးလဲ! / r...