*Y/n name : Choi Soarr ချွဲဆိုအာ *
ညနေခင်း လေပြေရူးတွေ တဖြူးဖြူးတိုက်နေတုန်း ထုံးစံအတိုင်း စက်ဘီးလေးကို ယူကာ လျှောက်ပတ်ကြည့်ဖြစ်သည် ၊ ..
သူတို့နေတဲ့ မြို့လေးကနယ်မြို့လေးဖြစ်ပေမယ့် ကားသွားကားလာ သိပ်မရှိတဲ့မြို့လေးမို့ အရမ်းအေးချမ်းတယ်လို့မြင်မိသည် ..အိမ်ခြေက အရမ်းများသည်လဲမဟုတ် ၊ နည်းသည်တော့လဲ မဟုတ်တော့.. ။
နေရာတွေအများစုက တစ်လမ်းသွား မြေနီလမ်းလေးတွေဖြစ်တာမို့ စက်ဘီးစီးရသည်မှာ တကယ်ကို အဆင်ပြေလွန်းသည် ..
အမြဲလိုလို ရာသီဥတု သာ"ယာ" ရှိလှတဲ့ ဆိုအာတို့မြို့လေးဟာ ဘယ်လိုတောင် နေလို့ကောင်းလိုက်တဲ့မြို့လေးလဲ နော် "
ဒီမြင်ကွင်းလေးက ဘယ်သောအခါမှရိုးအီမသွားသော ကြည်နူးစရာ ရပ်ဝန်းလေးတွေပင်ဖြစ်သည် ..
ကိုယ့်မြို့လေးကို လိုက်အမွှန်းတင်ရင်း တစ်မြို့လုံး လျှောက်ပတ်နေမိတာ အတော်ကြာပြီဖြစ်သည် ..
အယ် .. ချွဲဆိုအာရေ omma မှာထားတာကို မေ့တော့မလို့
စက်ဘီးလေးသည် ချက်ချင်း လားရာလမ်းကိုပြောင်းလိုက်ချိန် ..
တီ ! ~ *
နောက်နားဆီက ကားဟွန်းတီးသံကျယ်ကျယ်ကြောင့် ရှင်းဆိုအာသည် လန့်ကာ စက်ဘီးလေးလမ်းဘေးလဲကျသည်အထိ ။
ဘေးကမြေကြီးပေါ်ကျတာမို့ သိပ် အထိမနာပေမယ့်လည်း သူမလက်လေးတွေကတော့ နီရဲကာပွန်းပဲ့သွားလေပြီဖြစ်ရာ
ကားတံခါးပိတ်သံနဲ့အတူ ဆင်းလာတဲ့ လူတစ်ယောက်ကို ဆိုအာသည် ရန်လုပ်ဖို့ရာ မော့ကြည့်လိုက်သည် ..
" ဟေး ရရဲ့လား "
အသံရှတတနှင့်လူသားသည် နေကာမျက်မှန်အမှန်တပ်ထားကာဟိတ်ဟန်နည်းနည်းရှိသည် ..
အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ ထိုလူကြီးသည် စမတ်ဖြစ်တာထက်ကို ပိုပါသည် ..
သူမကိုဆွဲထူပေးနေသည့် လူသားအား ဆိုအာမှာ မျက်နှာကိုငေးကြည့်ရင်း အယောင်"အနနလေးဖြင့် ထလိုက်မိသည် ..
BINABASA MO ANG
DESSERT ||
Fanfictionချစ်လွန်းလို့ယူထားတဲ့ မင်းလေးကို ဘယ်ကောင်မှမော်မကြည့်ရဲအောင် ကိုယ်ကထားတာ / မင်ယွန်းဂီ / ဦးက အလုပ်တွေကလွဲရင် ဘာသိလို့လဲ .. အချစ်ဆိုတာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကော သိရဲ့လား အခုလိုအလုပ်ပုံထဲက ခေါင်းထွက်ချိန်တောင်မရပဲနဲ့ လူကိုဘာလို့များယူခဲ့သေးလဲ! / r...