" အောမောနီးက တစ်ယောက်တည်းသွားလို့ဘယ်ဖြစ်မလဲ ဦးမင်ရယ့် လေဆိပ်ထိပဲ လိုက်ပို့ရအောင်လေ နော် "ယွန်းဂီရုံးသွားခါနီး ဂျစ်တိုက်နေတဲ့အူကြူးလေးက တကယ်ဝက်မဲကလေးဖြင့်တူတယ် ..
အသားမဲ၍တော့မဟုတ် ။ ဂျစ်တူးနေခြင်းကြောင့်ပင်
အချိန်ကလည်း နည်းနည်းလေးနောက်ကျနေလတ်စနဲ့ လိုက်ပို့ဖို့ရာပဲပြင်ရတော့သည် ..
" ကလေးကိုစိတ်ညစ်အောင်မလုပ်နဲ့နော် သား မားမားစိတ်ချမယ် "
" သားကိုသာစိတ်ညစ်အောင်မလုပ်ဖို့ အမေ့ဝက်ပေါက်ကိုမှာလိုက်ပါ "
ဆိုအာရေခဲမုန့်တွေကိုင်လာရင်း မှ သူ့အကြောင်းပြောနေသံကြားတော့ မျက်စောင်းကဖျက်ခနဲ ။
ဒီလူကလဲအကြောင်းသိလို့ပင် တမင်စနေခြင်း ..
" အောမောနီး သိပ်အကြာကြီးမနေဘူးမလား "
" ဟုတ်တာပေါ့ ၂ လ ၃ လလောက်ပဲ .. ပြီးတာနဲ့ ငယ်လေးဆီ ပြန်လာမှာ ဒီကြားထဲဖုန်းဆတ်တိုင်လဲရတယ်နော်"
" ဟီးး ဟုတ်ကဲ့" "
အမေ့ကိုလိုက်ပို့ပြီးနောက် လေဆိပ်ကဆိုင်တန်းတွေကိုလိုက်ကြည့်နေသည်မို့ ကိုယ်ကဝင်ကျွေးပြန်တော့လည်း
ကားပေါ်ပြန်ရောက်တော့ပြောလာသည့် စကားလေးက ။
" ဦးမင် လေဆိပ်ကခေါက်ဆွဲကစားလို့မကောင်းဘူး "
" အင်း မကောင်းပြန်ဘူးလား "
" ဟုတ်တယ် အဲ့တာကြောင့် ဟိုးမီးပွိုင့်နားလေးက ကိတ်မုန့်လေးဖြစ်ဖြစ်စားလို့ရမလား .. "
" မရဘူး တော်ပြီ ကိုယ်ရုံးနောက်ကျနေပြီ "
" ရတယ်ဖြစ်တယ် အဲ့ဆိုင်မှာချခဲ့လေ ..ပြန်မှ ဆိုင်ကကောင်လေးကိုလိုက်ပို့ခိုင်းလိုက်မယ် အဲ့မှာ ဆိုအာ နေ့တိုင်းနီးပါးထိုင်နေကျဆိုတော့ အရမ်း ရင်းနှီးနေတာ .. "
တဟဲဟဲလုပ်ပြီးပြောလိုက်ခြင်းက ရွဲ့သံလေးနည်းနည်းတော့ပါသည် ..
ယွန်းဂီစိတ်ထဲဘဝင်မကျစွာဖြင့် ..
" ဘာရယ် နေ့တိုင်းသွားတယ်ဟုတ်လား "
YOU ARE READING
DESSERT ||
Fanfictionချစ်လွန်းလို့ယူထားတဲ့ မင်းလေးကို ဘယ်ကောင်မှမော်မကြည့်ရဲအောင် ကိုယ်ကထားတာ / မင်ယွန်းဂီ / ဦးက အလုပ်တွေကလွဲရင် ဘာသိလို့လဲ .. အချစ်ဆိုတာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကော သိရဲ့လား အခုလိုအလုပ်ပုံထဲက ခေါင်းထွက်ချိန်တောင်မရပဲနဲ့ လူကိုဘာလို့များယူခဲ့သေးလဲ! / r...