DESSERT - Episode 12

407 28 5
                                    


မနက်ရုံးသွားခါနီး ခါတိုင်းလိုနေထိုးအောင် အိပ်နေတတ်သည့် ငယ့်ကိုမတွေ့၍ ယွန်းဂီ အောက်ဆင်းလာမိသည် ..

လှေကားကနေ ခပ်သွက်သွက်ဆင်းလာတဲ့ ယွန်းဂီကိုမြင်လျှင်ဆိုအာက အတောက်ပဆုံးအပြုံးလေးပြုံးကာ အေပရွန်လေးဝတ်ထားရင်းမှ သေချာကြည့်လျှင် လက်ထဲဗန်းလေးတစ်ခုဖြင့် ..

မနေ့ညကနဲ့မတူစွာ ရွှင်လန်းနေသောမျက်နှာလေးနှင့် ပြုံးရယ်နေသော ငယ့်ကိုမြင်တော့ ယွန်းဂီစိတ်သက်သာရာရသလိုပြုံးလိုက်ကာ ။

" အစောကြီး ဘာတွေလုပ်နေတာတုန်း "

" ဦးအတွက်လေ ငယ်မနက်စာလုပ်နေတာ .. ပထမဆုံးမို့လို့ သိပ်ကောင်းနိုင်ပါ့မလား မသိပေမယ့် ..ဦးမင် စားကြည့်ပေးမယ်မလား"

ဗန်းထဲက ကွတ်ကီးမုန့်လေးတွေကို ကြည့်ကာ ဝင်းလဲ့နေသောမျက်ဝန်းလေးတွေက တစ်လက်လက် ..

ယွန်းဂီပြုံးလိုက်ကာ ကွက်ကီးမုန့်လေးကိုကိုင်ယူလိုက်ရင်းမှ နားထင်နားလက်ထောက်ကာဖြင့်..

" အာ .. ကိုယ်မျက်နှာမသစ်ရသေးဘူးပဲ "

ဆိုအာက မျက်လုံးလေးဝိုင်း၍ ။

" ဘယ်လိုဖြစ်လို့လဲ !"

" ကိုယ့်မှာဝက်ကလေးပျောက်သွားလို့‌လေ .. ပြန်ပေးဆွဲခံရပြီထင်နေတာ "

ထိုစကားကိုရုပ်တည်ကြီးဖြင့် ပြောလာလေတော့ ငယ်မျက်မှောင်ကြီးကြုံ့ကာဖြင့်

" ဦးမင် .. ငယ်က ဝက်မဟုတ်ပါဘူးဆို "

" ဟဟ* "

ခပ်ဟဟရယ်သံဖြင့် ဘေးအခန်းက ရေချိုးခန်းရှိရာဝင်သွားတော့ ငယ်လိုက်ကြည့်နေမိသည် ..

အိမ်နေရင်း ရှပ်အဖြူနဲ့ ဘောင်းဘီရှည်သာဝတ်ထားပေမယ့် သန့်ပြန်၍ မိမိုက်နေတာမျိုး ။

မနက်စောစောတောင် ချောနေလိုက်တာ အာဂျောရှီတို့ သိပ်လွန်တာပဲ " ဟွန်း

မျက်မှောင်လေးကုတ်ရင်း ကုတ်ရင်း မျက်ကြောတို့တောင် ကြွက်တက်ချင်လာသည်မို့ ခေါင်း‌ခါယမ်းလိုက်သည်။

ချွဲဆိုအာ ဖိုက်တင်း .. ခနပဲစောင့်ကြရအောင်

" ဦးမင် ကောင်းလားဟင် "

DESSERT || Where stories live. Discover now