DESSERT - Episode 24

391 23 8
                                    


ဂျေး‌ကားပေါ်ကဆင်းပြီးတာနဲ့ ဒေါကြီးမောကြီးဖြင့် လှမ်းလာတဲ့နေရာက MAP ထဲက နားနေခန်းတစ်ခုဆီကို။

" မင်းဘယ်လိုလုပ်ရပ်တွေလျှောက်လုပ်နေတာလဲ
ဂရေ့စ်!"

ဂျေးက ဂရေ့စ်အနားယူခန်းထဲထိလာပြီး ဒေါသတကြီးဖြင့် စားပွဲပေါ်ကပုံတွေကို တွန်းချလာသည် ..

" ဟေးး ဖြေးဖြေးပေါ့ ဂျေ"

"မင်းနဲ့ငါ့ကြားမှ ဘာကိစ္စတစ်ခြားသူတွေပါစွဲထည့်နေတာလဲ မဆိုင်တာတွေလျှောက်မလုပ်နဲ့။ ငါသတိပေးနေတာ"

" ဘာကိုမဆိုင်တာလဲ ဂျေ။ ဆိုင်တယ် ဂရေ့စ်အတွက်‌တော့ အရမ်းဆိုင်တယ် နောက်ပြီးဂရေစ့်က အခုနှအစပဲရှိတုန်းလေ သူတို့နှစ်ယောက်ကိုကွဲတဲ့အထိ ..တဖြေးဖြေးဝေးသွားအောင် လုပ်မှာ"

" မင်း အရမ်းမမိုက်ရိုင်းလွန်းနေဘူးလား ဘာလို့သူများလင်မယားကြားထဲ။"

ဂျေးဒီလိုပြော‌တော့ ဂရေ့စ်ကသဘောတကျလေးရယ်ပြုံးလို့နေပါသည်။

" ဂျေလဲအဲ့လိုဖြစ်စေချင်နေတယ်ထင်နေတာ ။ဂျေက ဆိုအာ့ကိုသဘောကျနေတာဆိုတော့ လေ"

" မင်း မူးနေတာပဲ"

သေချာသည်။ဂရေ့စ်ဘေးမှာ တန်းစီနေတဲ့ ဘီယာဗူးတွေအရသူမမူးနေတာပဲ ..

"နောက်ပြီး ဟင်း သူများအတွဲကြားကို.. ဆိုအာလဲတစ်ချိန်ကဝင်ခဲ့တာပဲလေ မောင်အသိဆုံးပါ"

" ငါမင်းကိုမရွေးခဲ့တာ မဟုတ်ဘူးလေ မင်းငါ့ကိုထားခဲ့တာပါ ခေါင်းစဉ်ကိုဖြစ်သလိုလိုက်မတပ်နဲ့ ဂရေ့စ်။"

" သူ့ကြောင့်ပေါ့ မောင်။ မောင်က မောင့်သူငယ်ချင်းမလေးကို ရည်းစားထက်အလိုက်သိ‌ပေးခဲ့တာကို .."

" ဂရေ့စ်လဲ နာကျင်ရတယ်လေ မောင် ..မောင်သိလား တစ်ခုခုဆို မောင်ကအမြဲ သူ့ကိုရွေးတယ် "

"ဂရေ့စ်သူတို့အသိုင်းအဝိုင်းနဲ့ နီးစပ်အောင်၊ဝင်ဆံ့အောင် ဘယ်လိုတောင်ကြိုးစားခဲ့ရတယ်ထင်လဲ .. အဟင့် ဂရေ့စ်အချိန်တွေ အငြိုး‌တွေကိုအခုလိုအချိန်မှာမှ တစ်ဝကြီးမသုံးရင် ဘယ်အချိန်မှာ .. သုံးရမလဲ မောင် ..."

DESSERT || Where stories live. Discover now