တုန်ယင်လာတဲ့ လက်လေးက သိသိသာသာ ။။ ဦးမင်ကိုကျတော့ နားလည်ပေးဖို့ပြောခဲ့ပြီး သူ့အလှည့်ကျတော့ဒေါသငွေ့လေးတွေတရိပ်ရိပ်ထိုးတက်နေတာ တငွေ့ငွေ့။
အတွင်းရေးမှူးကင်မ် ထပ်ပြုံးလိုက်သည် ..စိတ်မကောင်းပေမယ့် သူ့ရဲ့အကယ်ဒမီအကွက်တွေကြားမှာ ဆိုအာလေး ငိုရတော့မယ်ထင်သည် ..
" ဦးမင် "
ဦးမင်ကမျက်စိပျက်မျက်နှာပျက်ဖြင့် ငယ့်ကိုသေချာလေးစိုးရိမ်တကြီးကြည့်ကာ အနားရောက်လာတော့မှာကိုသိသည်။
စိတ်ထဲငိုချင်နေရက်သားကနေ မျက်စိစုံမှိတ်ကာ"စိတ်ကိုလုံးလုံးချကာထိုအတွင်းရေးမှူးမဆီ ထိပ်တိုက်သွားလိုက်သည် ..
" ခဏလေး ငယ်.."
ဦးမင်ကလဲ သွားခွင့်မပေး ပဲတားထားဆဲမို့ အံကြိတ်လိုက်မိကာ မော့ကြည့်မိပြန်သည် ..
"ဦးမင်ကိုငယ်ယုံထားတယ်နော် ငယ့်ကိုဒါနဲ့ဒေါသထွက်အောင်တော့ မလုပ်ပါနဲ့"
ယွန်းဂီက သူ့အတွင်းရေးမှူးကိုထိမှာဆိုးလို့ တားတဲ့အနေနဲ့ အထင်လွဲသွားပုံရတယ်။ တကယ်က တစ်ခုခုဖြစ်ကြကြေးဆို အင်အားနဲ့မမျှတဲ့ သူ့ငယ်တစ်ခုခုဖြစ်မှာဆိုးလို့
တားခြင်းသာ။
"အယ် သူဌေး ..ဆိုအာလေး အမရှင်းပြမယ်နော် "
ငယ်သူ့မကိုရွံရှာသလိုအကြည့်လေးနဲ့ ကြည့်လိုက်သည်၊ ဦးမင်ကသူ့ကိုယ်ကြီးနဲ့ငယ်ကိုကွယ်ထားဆဲမို့ စိတ်ရှိလက်ရှိလုပ်လို့မရပါပဲ ..
" မရှင်းပြနဲ့ ထွက်သွားပေး အလုပ်ကနေ "
ပြတ်ပြတ်သားသားကိုထွက်လာတဲ့ အသံလေးက သူဌေးအနောက်က။
ငိုပြီးထွက်ပြေးသွားမယ်လို့ တွက်ထားပေမယ့် လက်ရှိမှာ အအော်ခံနေရတာသူမို့ အတွင်းရေးမှူးကင်မ်အခက်တွေ့နေရသည်။ ဘယ်လိုပဲဖြစ်ဖြစ် အကွက်ထဲပိုရောက်လာသည်မို့ ..
အတွင်းရေးမှူးကင်မ် မျက်ရည်လေးစမ်းတန်းစမ်းတမ်းဖြင့် အသံလေးနိမ့်ကာ။
" မမ ရှင်းပြပါရစေ ..သူဌေးနဲ့ ဘာမှမဆိုင်ပါဘူးနော် ဟိုအဲ့ဟာက လေ အဟင့်"
YOU ARE READING
DESSERT ||
Fanfictionချစ်လွန်းလို့ယူထားတဲ့ မင်းလေးကို ဘယ်ကောင်မှမော်မကြည့်ရဲအောင် ကိုယ်ကထားတာ / မင်ယွန်းဂီ / ဦးက အလုပ်တွေကလွဲရင် ဘာသိလို့လဲ .. အချစ်ဆိုတာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကော သိရဲ့လား အခုလိုအလုပ်ပုံထဲက ခေါင်းထွက်ချိန်တောင်မရပဲနဲ့ လူကိုဘာလို့များယူခဲ့သေးလဲ! / r...