ဦးရဲ့နှုတ်ခမ်းတွေနောက် အသက်ရှုရပ်မတတ်၊လိုက်မမှီခဲ့ပေမယ့် ဆိုအာပြုံးချင်လာသည် ။ဦးမင်က ဒီလိုကျတော့လဲ ဘယ်ဆိုးလို့လဲ
အရမ်း ro တတ်တာပဲ " အလုပ်ခန်းထဲက စားပွဲလေးပေါ်မှာ ဆိုအာရယ် ဦးမင်ရဲ့နှစ်ယောက်တည်း ..
သီးသန့်ကမ္ဘာလေးထဲ လွင့်မျောလုနီးပါးမှာပင် ရုတ်တရက်။
" ကလေး ကိုယ်- "
ဆိုအာအဆင့်သင့်မဖြစ်သေးပေမယ့် ဦးမင်တောင်းဆိုလာတော့မယ့်အရာကိုကြိုတွေးမိပြီး မျက်နှာလေးရဲတက်လာသည် ..
" အလုပ်ပြန်လုပ်ရတော့မယ် ခနနေအတွင်းရေးမှူးလာတော့မာ .."
အခုဒီစကားကိုပြောပြီး အဆုံးသတ်လိုက်တာလား အီးး
ခွမ်း :( !!
ဟန်မပျက်လေးပေါင်ပေါ်ကနေ ထလာပြီး ဦးမင်မမြင်နိုင်တဲ့နေရာမှာ ကြိတ်အော်လာမိသည် ။
အားး ချီးထုပ်ကြီး
မှုန်ကုပ်ကုပ်လေးဖြင့် ဆိုဖာပေါ်သွားထိုင်နေတဲ့ဟာလေးက မသိမသာကော သိသိသာသာပါစိတ်ဆိုးသွားတယ်ဆိုတာသေချာသည်မို့ ယွန်းဂီပြုံးမိသည် ။
အချိန်မှီရပ်လိုက်ခြင်းက သူ့အကြောင်းသူသိလို့ပင် သူကဒီပေါက်စလေးကို ဒီလောက်အချိန်လေးနဲ့ တင်းတိမ်နိုင်မာမဟုတ်ဘူး ..
တဖြေးဖြေးချင်းတအိအိချင်း ဇိမ်ခံပြီး စားပြစ်ချင်တာမို့လေ ..
သူ့အတွေးကိုပြန်ပြီးရယ်တော့ မျက်စိရှေ့ကဟာလေးက သူ့ဆီကိုမျက်စောင်းလှည့်ထိုးလာသည် ..
အကြည့်တွေကလဲစူးရှနေပုံများ ဒီလူကိုအသည်းပိုအောင်လုပ်တတ်သေးသည် ။
အတွင်းရေးမှူးဝင်လာသည်နှင့် သူ့အလုပ်တွေသူပြန်လုပ်နေကာ တစ်ချက်လေးမှပင်လှည့်မကြည့်လာတော့တဲ့
ဦးမင်ကို မျက်စောင်းတွေထိုးရ ၊ မျက်လုံးတွေထောင့်ကပ်ရလွန်းသဖြင့် မျက်ကြောတွေပင်ကိုက်တတ်လာသည် ။
အရိပ်လည်းမသိ အကောင်လဲမဖမ်းတတ်တဲ့လူ "
" ဦးမင် ပြန်မယ်"
YOU ARE READING
DESSERT ||
Fanfictionချစ်လွန်းလို့ယူထားတဲ့ မင်းလေးကို ဘယ်ကောင်မှမော်မကြည့်ရဲအောင် ကိုယ်ကထားတာ / မင်ယွန်းဂီ / ဦးက အလုပ်တွေကလွဲရင် ဘာသိလို့လဲ .. အချစ်ဆိုတာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကော သိရဲ့လား အခုလိုအလုပ်ပုံထဲက ခေါင်းထွက်ချိန်တောင်မရပဲနဲ့ လူကိုဘာလို့များယူခဲ့သေးလဲ! / r...