DESSERT - Episode 22

301 19 9
                                    


အမူးပြေလာရင်ရူးချင်ယောင်ဆောင်ရတယ်ဟူသော စကားရှိသည်၊ အဲ့တာကြောင့် ဦးမင်ထက်ဦးအောင် ဦးမင်ကိုထဆူဖို့ပြင်လိုက်သည် ..

အနည်းငယ် ရဲနေတုန်းဖြစ်‌တဲ့ပါးနှစ်ဖက်နဲ့ အသံကိုထိန်းပြီး ဦးမင်ကိုဆိုအာမေးလိုက်သည် ..

" ဦးမင်.. အီထဝန်ကို ဒါရိုက်တာမလေးနှစ်ယောက်တည်းနဲ့ အဲတာဘာသွားလုပ်တာလဲ"

အလုပ်ကိစ္စလေ၊ ရှင်းနေတာပဲ ဘာလို့မေးနေမိပါလိမ့်။

" အစည်းအဝေးဖြစ်ဖြစ်ဘာဖြစ်ဖြစ်‌ ပေါ့zoom နဲ့ တတ်လို့လဲရတာပဲဟာ.."

အပြင်မှာစာချုပ်ချုပ်ရမယ့် သူရှိလို့ပေါ့၊ ဒါလဲရှင်းနေတာပဲကို ချွဲဆိုအာဘာတွေလျှောက်မေးနေတာတုန်း အသိကပ်ထား .. 

မျက်လုံးနှစ်လုံးကို ထပ်မံပြူးလိုက်ဖွင့်လိုက်၊မှိတ်လိုက်နဲ့ လုပ်ပြီးမှ ရစ်ဖို့စကားစဉ်းစားလိုက်သည် ..

" ဦးမင် .. . "

ထပ်ပြီးရစ်ဖို့စကားလိုက်ရှာနေတုန်း တစ်လျှောက်လုံးမေးသမျှတွေကို တစ်ခွန်းမှဝင်မဖြေပဲ မှန်ကိုမှီလက်ပိုက်ရပ်နေတဲ့ ဦးမင်ကိုသတိထားမိသွားသည် ..

ဦးမင်ကိုကြည့်မိမှ သူတို့သည် အခုထိ
အီထဝန်ကနေကိုမပြန်ရသေး အနီးနားက အဆင့်မြှင့်ကွန်ဒိုတစ်ခုမှာတစ်‌ညတာဝင်နေကြတာမို့ ညရှူမ်ျှောခင်းတွေကို နောက်ကမှန်ကနေလှမ်းမြင်နေရသည် .. ..

မူးစက်စက်ဖြစ်နေတာတွေပျောက်သွားကာ၊မျက်လုံးနည်းနည်းပြူးသွားသည် ..

သူတို့အခုဟိုတယ်မှာပေါ့ .. .. သိပ်ဟုတ်တယ် ..

နေရခက်ခက်နဲ့ ချောင်းလေးဆိုးမိမှ ဦးမင်က။

"မေးလို့ပြီးပြီလား "

တွေ့လား ၊ ဦးမင်အသံပြတ်သားနေတာ ဟိတ်ဟန်အပြည့်နဲ့မို့ နည်းနည်းလန့်စပြုလာသည် ..

" ဒီကိုရင်းနှီးမြုပ်နှံသူတစ်ယောက်နဲ့ လာတွေ့တာ .. ငယ့်ကိုမက်ဆေ့ခ်ျပို့ထားတယ်လေ ..ငယ်ကကော "

အစားငမ်းနေတာနဲ့ ဖုန်းတောင် ဘယ်နားရောက်နေမှန်မသိတာအမှန်။
ဘုရားစူးမိုးကြိုးပြစ် သူမမုန့်လာစားတာပါ .. ဘယ်လောက်တောင် အစားသောင်းကျန်းထားသလဲဆိုရင် နေ့လယ်ကစားသောက်ထားတဲ့ အနံ့တွေကအကျီတွေကပ်နေတုန်း။

DESSERT || Onde histórias criam vida. Descubra agora