ခရီးကပြန်ရောက်တော့ မေမေတို့အိမ်ချက်ချင်းဝင်ဖြစ်ခဲ့ကာမှ မေမေတို့ကိုကော ဒေါ်လေးငယ်တို့ကိုပါ လက်စွပ်အကြောင်းထိုင်ကြွားနေမိသည်။
ဦးမင်ကတော့ အလုပ်ကိစ္စရှိလို့ ရုံးခနပြန်သွားတယ်ဆိုပေမယ့် ညနေကျရင် ငယ့်မွေးနေ့ရှိလို့ပြန်လာမယ်လို့တော့ပြောသွားသည် ..
ငယ် မျက်နှာပိုးသတ်မရအောင် တဟီးဟီးဖြစ်နေတာကို ဒေါ်လေးငယ်က ကြည့်ရပေါ်မပေါ်ဘူးထင်သည်၊ ဟုတ်သည်လေ သူကလည်းအပျိုကြီးဒေါ်လေးရှေ့မှသွားပြီး လောလောလတ်"ရထားတဲ့ ဒုတိယအကြိမ်မြောက်လက်ထပ်လက်စွပ် အသစ်လေးကိုလှုပ်ယမ်းပြနေသည်ကို ..
ဒယ်ယန်းမှာ အပန်းလည်းပြေခဲ့ရသလို၊ အလွမ်းလဲပြေခဲ့ရသဖြင့် ပြုံးပြုံး"ဖြင့် ဧည့်ခန်းမှာဟီးတိုက်နေမိသည် ။
တစ်နေ့လုံးဆိုဖာပေါ်မှာ မေမေလုပ်ကျွေးသမျှကို ထိုင်စားရင်းတီဗီမှာလာသမျှကို အလေလိုက်ပြီးထိုင်ကြည့်နေလိုက်သည် ..
လက်ထဲကဖုန်းထဲမှာတော့ ကားမောင်းပြိုင်ပွဲပါတဲ့ show တွေ တွေ့ရပါသေးသည် ..
ထိုအချိန်။ ဖုန်းနိုတီထဲကို ဂျေးက ဘတ်ဒေးလာ wish တာမို့ ဆိုအာ ရယ်နေတဲ့အီမိုဂျီတွေပြန်ပို့လိုက်ရင်း ..
" Thank you!! Jay "
၂၄ကြမ်မြောက်သူငယ်ချင်းလေးရဲ့ wish ကို ခံရပြီးနောက် လေပေါ်မြောက်တတ်နေတော့သည် ..
twitter မှာပါ တင်ပေးထားတော့ ဆိုအာရယ်လိုက်သည်။
" အရူးလေးပဲ မသိရင် သူကမွေးနေ့ရှင်လိုပဲ "
ပုံပေါင်းများစွာထဲကမှနောက်ဆုံးတစ်ပုံကျမှ ဂျေးနဲ့သူ အထက်တန်းတုန်းက ရိုက်ထားတဲ့ပုံ။
ဆိုအာပုံကိုခပ်ကြာကြာကြည့်ပြီးမှ ခေါင်းခါလိုက်ကာ အသံထွက်သည်အထိရယ်လိုက်သည် ...
ကျောင်းတုန်းက နှစ်ယောက်လုံးက တကယ်အတည်ကြီးတွေစာလုပ်ခဲ့ကြတာထင်တယ် ပုံထဲက အဖြေလွှာတွေမှာဆို -တွေကို ပြလို့ ..
ညနေမရောက်တရောက်မှာ မေမေတို့က အလုပ်ရှုပ်နေလေပြီ။ ဒေါ်လေးငယ်နဲ့ဟင်းပွဲတွေကို စားပွဲပေါ်ဝိုင်းကူချရင်း
မွေးနေ့ကိတ်အချို့ကိုပါ ပြင်ဆင်ထားပုံရသည်။
YOU ARE READING
DESSERT ||
Fanfictionချစ်လွန်းလို့ယူထားတဲ့ မင်းလေးကို ဘယ်ကောင်မှမော်မကြည့်ရဲအောင် ကိုယ်ကထားတာ / မင်ယွန်းဂီ / ဦးက အလုပ်တွေကလွဲရင် ဘာသိလို့လဲ .. အချစ်ဆိုတာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကော သိရဲ့လား အခုလိုအလုပ်ပုံထဲက ခေါင်းထွက်ချိန်တောင်မရပဲနဲ့ လူကိုဘာလို့များယူခဲ့သေးလဲ! / r...