DESSERT - Episode 15

289 24 1
                                    


" မကြာမကြာတွေ့ဖြစ်တာလား "

ဆိုအာနားထဲ ကြားလိုက်ရပေမယ့် ဝေခွဲမရသော ဦးမင်ရဲ့အသံအနေအထားက ခပ်ဆတ်ဆတ် ..

အတွေးထဲပြုံးခနဲဖြစ်သွားပြီးမှ ..

" ခနတဖြုတ်ပါပဲ သွားရင်းလာရင်းပေါ့ "

" ငယ်ကတစ်ချိန်လုံး ဘယ်သွားနေလို့လဲ "

ဦးမင်က အတည်ကြီးမေးလာနေတာလို့ ဆိုအာမထင် မေးပုံကိုက သူ့အကျီလက်ရှည်ကိုခေါက်တင်နေရင်း စိတ်အေးလက်အေး ..

" ဦးမင် .. ဘယ်သွားမလို့လဲ အိမ်မှာမအိပ်‌ဖူးလား "

ငယ် ရုတ်တရက်ပင်ဦးမင်ကိုကြည့်ကာဆိုမိတော့ ။

" အိပ်မှာပေါ့ ဒါပေမယ့် မအိပ်ခင် ထူးဆန်းတာလေးတစ်ခုတွေ့ထားလို့ "

" ဘာကိုလဲ"

ယွန်းဂီလက်ထဲကဖုန်းကိုထုတ်ကာ ဆိုအာ့ကို ဗီဒီယိုဖိုင်တစ်ခုပြလာသည် ..

ဆိုအာ့မျက်လုံးလေးတွေ ပြူးဝိုင်း၍ ဦးမင်ကိုတစ်လှည့် ဖုန်းထဲက အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်နေတဲ့ကားနီလေးကိုတစ်လှည့် တံတွေးမျိုချကာကြည့်နေမိသည် ..

ထို့နောက် အဆုံးသတ်ထိ ‌ပန်းတိုင်ဝင်သွား၍ ကားပေါ်မှဆင်းလာသည့် ဆိုအာက ဦးထုပ်ကိုချွတ်လိုက်သည်အထိ

မလှမ်းမကမ်းကနေ ရိုက်ယူထားသည် ..

ဗီဒီယိုဖိုင်က vd clip အတိုလေးပဲဖြစ်ကာ မျက်နှာနေရာကျကာမှ zoom ဆွဲ၍သေချာရိုက်ယူထားတာများ ကျေးဇူးတင်စဖွယ်ပင် ။

ဆိုအာ့အတွက် ဦးမင်ကိုအရွဲ့တိုက်ချင်စိတ်နဲ့ ဦးမင်မကြိုက်တဲ့ အခုလိုကားမောင်းပြိုင်ပွဲဆိုတာမျိုးကို ဝင်ပြိုင်ဖို့ စရင်းပေးလာခဲ့သူ ..

ဦးမင်ကို အရွဲ့တိုက်ချင်စိတ်လေးနဲ့ သိရင်သိပါစေတော့ဆိုပြီး ဇွတ်လုပ်ခဲ့ပြီးမှ ယခုထိတ်တိုက်ဖြေရှင်းလဲဆိုကော ဘာပြောလို့ပြောရမှန်းမသိပဲ လက်ပူးလက်ကြပ်အမိခံထားရတဲ့ ကလေးမ‌လေးလို .. ဟိုကြည့်ဒီကြည့်ဖြင့်

ဆိုအာမျက်နှာလေး မအီမသာဖြင့် ဦးမင်ကိုကြည့်လိုက်တော့ ..

" ရင်းနှီးနေတယ်လို့ မထင်မိဘူးလား "

DESSERT || Tempat cerita menjadi hidup. Temukan sekarang